{35-part 2}

7.7K 895 208
                                    

"မင်း အရင်ပြောင်း..."

ထယ်ယောင်း စကားဆုံးတော့ ဂျောင်ဂုက ခေါင်းငြိမ့်ပြသည်။
ထို့နောက် အသွင်ပြောင်းဖို့ လုပ်နေတဲ့သူက...

"အော ဒါနဲ့ ငါက ထူးခြားတယ်....မင်းသိလား.."

"ဘာကိုလဲ..?"

"ငါက ခန္ဓာကိုယ်ထဲက ငါ့ wolf ကို အပြင်ကို ခွဲထုတ်နိုင်တယ်.."

"ဟင် တကယ်လား..."

အံ့ဩသွားတဲ့ မျက်လုံးလေးတွေနဲ့အတူတူ ပါးစပ်ကလေးပါဟလို့...

"အင်း တကယ်...."

"ဒါဆို မင်းရဲ့ wolf ကို ငါကြည့်ချင်တယ်..."

"အင်း ပြပေးမယ်..."

ဂျောင်ဂုစကားပြောပြီး မကြာခင်မှာပဲ မီးပွားလို အလင်းရောင်အချို့နဲ့အတူ ခန္ဓာကိုယ်ထဲကနေ အပြင်သို့ ခုန်ထွက်လာတဲ့ သူ့ရဲ့ wolf...
အမွှေးတွေက မီးခိုးနဲ့အနက်ရောထားတာပြီး  မျက်လုံး အနီရောင်နဲ့ Wolf က သူ၏စူးရှသောအကြည့်တို့ဖြင့် ထယ်ယောင်းကို စိုက်ကြည့်နေ၏။

"ဂျောင်ဂု....သူက အရမ်းမိုက်တာပဲ....ငါ သူ့ကို ကိုင်ကြည့်ချင်တယ်...သူက ငါ့ကို သဘောကျပါ့မလား..."

ဂျောင်ဂုက စိတ်ထဲကနေ သူ့ရဲ့ wolf ကို ထိန်းချုပ်လိုက်သည့်ပုံ။
Wolf က ထယ်ယောင်းကို ကြည့်‌ နေရာကနေ ရှေ့သို့တစ်လှမ်းချင်းတိုးလာကာ စူးစမ်းအနံ့ခံနေသည်။
ခန္ဓာကိုယ်အရွယ်အစား ကြီးမားသော ထို Wolf ကြီးကို လက်တွေ့မှာ ကိုင်ကြည့်ဖို့အတွက် ထယ်ယောင်း လွန်စွာမှ စိတ်လှုပ်ရှားနေမိ၏။

လက်ကို လှမ်းလိုက်ပေမယ့် wolf က အထိမခံသလို နောက်သို့ အနည်းငယ်ရို့သွားသည်။ထိုသို့အခြေနေကို ဂျောင်ဂုကကြည့်ရင်း..

"သူ မင်းနဲ့ မရင်းနှီးသေးလို့ ဖြစ်မယ်...ကိုယ့်ကို မင်း လက်ပေး.."

ထယ်ယောင်းရဲ့လက်ကို ဂျောင်ဂုကဆုပ်ကိုင်ပြီးနောက် သူ့ရဲ့ wolf ကို ထိန်းချုပ်ကာ ဝပ်ခိုင်းလိုက်၏။
Alpha သခင်ရဲ့စကားကိုနားထောင်စွာ မြက်ခင်းပေါ် ဝပ်ပေးလာသော wolf ရဲ့ဦးခေါင်းထက် ထယ်ယောင်း လက်လေးကို ထိတွေ့ခိုင်းလိုက်တော့လည်း ငြိမ်သက်နေပေးသည်။

The Alpha Zone (Completed)Where stories live. Discover now