{ 56 }

4.8K 749 79
                                    

နောက်တစ်နေ့မှာတော့ထယ်ယောင်းနဲ့ချန်းရဲ့ဆက်ဆံရေးဟာ အနည်းငယ် ခပ်တန်းတန်း။
နှစ်ယောက်လုံးကလည်း အထွေအထူးပြောစရာမရှိတာကြောင့် ကိုယ်စီလုပ်စရာရှိတာလုပ်ရင်းဖြင့် ရှိနေကြ၏။အနည်းငယ်တော့ အနေခက်ရတယ်ဆိုပေမယ့် ကျွန်တော် သူ့ကို နားလည်ပါတယ်။
ကျွန်တော့်ဘက်က မနက်စာပြင်ပေးထားတာကိုတော့သူက လာမစား။ဒါပေမယ့် မုန့်စားနေတဲ့ ဗြောဆီကိုတော့လာပြီး ကျောင်းလိုက်ပို့ပေးမယ်ဆိုတဲ့ စကားကိုတော့ ပြောသည်။

"ဗြောလေး....မုန့်စားပြီးရင် ပါးပါး ကျောင်းလိုက်ပို့မယ်နော်.."

ဗြောက ခေါင်းငြိမ့်ပြတော့ သူက ထွက်သွားဖို့ပြင်နေတာမို့...

"ချန်း....မင်းလည်း ခေါင်းမူးနေမယ်ထင်တယ်....ငါ ပဲပင်ပေါက်ဟင်းရည်ချက်ထားတာမို့ နည်းနည်းလောက်ဖြစ်ဖြစ် သောက်သွားလိုက်ပါလား.."

"ရတယ်....မသောက်တော့ဘူး..."

ငြင်းဆိုလျက် ချန်းကထွက်သွားတော့ ထယ်ယောင်းမှာ သက်ပြင်းချမိသည်။
ညတုန်းက သူမူးပြီးပြောတဲ့စကားတွေကို ထယ်ယောင်း စိတ်မဆိုးပါ။ချန်းက အစွဲလန်းကြီးတာကိုကျွန်တော်သိတာမို့ အပြစ်လည်းမမြင်ရက်။
အမြဲတမ်းမေတ္တာထားပြီး သားကိုရောကျွန်တော့်ကိုပါစောင့်ရှောက်ခဲ့တာမှန်ပေမယ့် နှလုံးသားက သူ့ကိုမှ ချစ်လို့မရပဲလေ။
အချစ်ဆိုတာက လွယ်လွယ်နဲ့ပြောင်းလဲလို့ရတဲ့ ကိစ္စမှမဟုတ်တာ။
ထယ်ယောင်း အတွေးလွန်နေတုန်း အင်္ကျီလက်ဖျားကိုဆွဲလာတဲ့ သားဖြစ်သူကြောင့် ငုံ့ကြည့်မိကာ...

"ဘာဖြစ်လို့လဲ ဗြောလေး.....မုန့်ထပ်လိုချင်လို့လား.."

"သား ဗိုက်ဝပါပြီ ဖေဖေ....ဒါပေမယ့် ဖေဖေ့ကို ပြောစရာရှိလို့.."

"အင်း ပြောလေ သား..."

"သားကို ဖေဖေကပဲ ကျောင်းလိုက်ပို့လို့မရဘူးလားဟင်..."

ဗြောက ထယ်ယောင်းကို မတောင်းဆိုစဖူးတောင်းဆိုလို့နေသည်။ကျောင်းကားနဲ့လည်း သွားတက်ပေမယ့်များသောအားဖြင့် ချန်းဟိုအိမ်မှာရှိနေရင် သူ့ကိုသာ လိုက်ပို့ခိုင်းတက်တဲ့သားက ဒီနေ့တော့ မပြောဖူးတာတွေပြောနေသည်မို့...

The Alpha Zone (Completed)Where stories live. Discover now