{25}

7.4K 1.1K 246
                                    

"ကျွန်တော် လက်မခံနိုင်ပါဘူး ဖေဖေ...."

ထယ်ယောင်းရဲ့ ငြင်းဆိုလိုက်သံက ခပ်ပြတ်ပြတ်။
စားသောက်ဆိုင်ရဲ့ သီးသန့်ခန်းဖြစ်ပြီး လူဦးရေလေးယောက်တည်းသာထိုင်နေတဲ့ဝိုင်းမို့ အပ်ကျသံတောင်မကြားအောင် တိတ်ဆိတ်သွားသည့်အခြေအနေ။
ထယ်ယောင်း မျှော်လင့်ထားသလို မေတ္တာတရားနဲ့နွေးထွေးတဲ့ ညစာထမင်းဝိုင်းမဟုတ်ခဲ့ပါဘူး။
ဖေဖေ့ရဲ့ အတ္တတွေ၊လောဘတွေနဲ့ တစ်ကိုယ်ကောင်းဆန်ခြယ်လှယ်ချင်တဲ့ စိတ်တွေနဲ့သာပြည့်နှက်လို့နေခဲ့တာ။

"ငါက မင်းကို လက်ခံတယ်၊လက်မခံဘူးဆိုတာ မေးနေတာမဟုတ်ဘူး ထယ်ယောင်း...မင်း ဒါကို လုပ်ရမယ်လို့ ပြောနေတာ..."

ခက်ရင်းကိုဆုပ်ကိုင်ထားသည့် ထယ်ယောင်းရဲ့လက်တွေ ပိုမိုတင်းကျပ်စွာ အားပြုဆုပ်ကိုင်ထားမိသည်။
ဖေဖေပြောတာ ကျောင်းပြီးတဲ့အခါ အစ်ကိုဂျီဟွမ်နဲ့ စေ့စပ်ပြီး လက်ထပ်ရမယ်တဲ့။ဘယ်လိုတောင်အဆီငေါ်မတည့်လိုက်တဲ့ စကားလဲ။တစ်ခါမှတွေးတောင်မတွေးကြည့်ဖူးတဲ့ စကားစုကို အခုနားနဲ့ဆတ်ဆတ်ကြားလိုက်ရတာဖြစ်၏။

"ဖေဖေဘယ်လိုပဲပြောပြော ကျွန်တော် ဒါကို လုပ်မှာမဟုတ်ပါဘူး....ဒါက ကျွန်တော့်ဘဝပါ....ဒါ‌ကြောင့် ကျွန်တော့်လက်တွဲဖော်ကိုလည်း ကျွန်တော်သဘောကျတဲ့သူမျိုးပဲ ရွေးချယ်ချင်တယ်..."

"ရွေးချယ်ခွင့်ဆိုတာ မင်းနဲ့ထ််ိုက်တန်နေလို့လား ထယ်ယောင်း.....Omega အဖြစ်မွေးလာတည်းက မင်းရဲ့ အရာရာဟာ သူများနောက်မှာပဲဆိုတာ သိလား...Omega ဖြစ်နေတာကိုက မင်းရဲ့အမှားပဲ...."

"ရှင် စကားကို ဘယ်လိုပြောနေတာလဲ...."

"မင်း တိတ်တိတ်နေစမ်း...ငါ ဆုံးမနေရင် ဝင်မပါနဲ့.."

မေမေက ထယ်ယောင်းစိတ်မကောင်းဖြစ်မှာကိုသိတာကြောင့် ဝင်ဟန့်သော်လည်း အချည်းနှီးသာ။နဂိုတည်းက ဖေဖေ့ကိုကြောက်ချစ်ရိုသေရတာမို့ ဘယ်လိုစကားမျိုးမှအရာမဝင်ပါဘူး။
ဖေဖေဟာဘာလို့များ ကျွန်တော့်ရဲ့မွေးဖွားမှုပေါ် အထင်မြင်လွဲမှားနေလဲမသိ။

"ကျွန်တော် ဖေဖေ့စိတ်တိုင်းကျ Alpha တစ်ယောက်အဖြစ် နေပေးနေတာတောင် မလုံလောက်သေးလို့ ကျွန်တော့်ဘဝကို အဆုံးထိခြယ်လှယ်ချင်နေတာလား...တစ်ခါတစ်လေ သံသယတော့ဝင်မိသား....ကျွန်တော့်က ဒီမိသားစုဝင်ရော ဟုတ်ရဲ့လားလို့လေ..."

The Alpha Zone (Completed)Where stories live. Discover now