{11}

7.3K 1.1K 122
                                    

မနက် နှစ်နာရီ။
ပါတ်ဝန်းကျင်ကတိတ်ဆိတ်နေသည့်တိုင် အိပ်မပျော်နိုင်သူက ဂျောင်ဂုပင်။
အတူတူရှိနေပေးဖို့ တောင်းဆိုပြီးအကြောင်းရင်းမသိရစွာ ငိုခဲ့သော ထယ်ယောင်းက အခုတော့ဖြင့် အေးအေးလူလူပဲ အိပ်ပျော်နေပြီဖြစ်၏။
‌‌ဂျောင်ဂုမှာသာ တစ်ဖက်ခုတင်ပေါ်မှာထိုင်ရင်း ပြန်လည်အိပ်မရပဲ အတွေးပေါင်းစုံတွေးနေမိသည်။

သူငိုရတဲ့အကြောင်းရင်းက ညနေက သူ့အစ်ကိုကြောင့်များလား?
အဲ့ဒီအချိန်မတိုင်ခင်ထိသူဟာ အကောင်းပကတိရှိနေခဲ့တာကို ဘာလို့များအခုကျမှ ရုတ်တရက်ကြီး ဝမ်းနည်းသွားတာလဲ?

ညနေက အဖြစ်ပျက်အချို့ကို ပြန်တွေးမိတော့ ကျွန်တော်ဟာ အခန်းထဲရောက်ပြီးမှ အအေးဘူးယူရန်ပြန်ထွက်လာခဲ့ပေမယ့် ရေခဲသေ‌တ္တာဆီမရောက်ဖြစ်ပဲအဝင်ဝမှာ လှမ်းမြင်နေရသည့် သူတို့နှစ်‌ ယောက်ကို ဂျောင်ဂုမှာ အကွယ်နားရပ်ကာစိတ်ဝင်တစားကြည့်နေခဲ့မိတာ။

တစ်ဖက်က ကင်မ်ထယ်ယောင်းရဲ့ အစ်ကိုဆိုသူဟာ ရင်းနှီးစွာပြောဆိုဆက်ဆံနေပေမယ့် မနှစ်မြို့ဟန်ဖြစ်နေတဲ့ ကင်မ်ထယ်ယောင်းရဲ့ ခါးခါးသီးသီးအမူအယာက ထူးထူးဆန်းဆန်း။
ညီအစ်ကိုလို့ မိတ်ဆက်ခဲ့ပေမယ့် သံသယဝင်စရာကောင်းလှတဲ့ ထိုလူရဲ့ပြုမူပုံတွေက ဂျောင်ဂုရဲ့စိတ်ကို လွဲမှားစေတယ်။
ပြီးတော့ နားထောင်ဖို့မရည်ရွယ်ခဲ့ပါပဲ သိခဲ့ရတဲ့ အကြောင်းအရာတစ်ခု။ကင်မ်ထယ်ယောင်းက Omega တဲ့လား။ကြားကြားချင်း ကိုယ့်နားပင်ကိုမယုံနိုင်။

/Omega ဖြစ်တဲ့မင်းက Alpha တွေကြားမှာရှိနေတာကို ကိုကို စိတ်မချပါဘူး/ ဆိုတဲ့စကားသံက ဂျောင်ဂုနားထဲ တစ်ဝဲလည်လည်။
ကင်မ်ထယ်ယောင်းက Omega..?
ဒါက ဘယ်လိုတောင် အဓိပ္ပါယ်မရှိလိုက်တာ..။

တစ်ဖက်လူက ကင်မ်ထယ်ယောင်းကို ပြောဆိုဆက်ဆံရာ၌လည်း အစ်ကိုလို့ သုံးရမယ့်အစား ကိုကိုလို့သုံးတာက နည်းနည်းအဆီ‌ငေါ်တည့်မနေဘူးဟု ဂျောင်ဂုထင်မိ၏။အဲ့ဒါတွေအသာထားတော့။Omega တစ်ယောက်ဖြစ်တဲ့သူဟာ ဘယ်လိုအကြောင်းနဲ့များ Alpha ဟန်ဆောင်ရတာလဲ။ဒါက အကြီးကျယ်မှားနေတဲ့ ကိစ္စဖြစ်သလို ကျောင်းအုပ်ကြီးသိသွားရင်လည်း ပြဿနာတက်နိုင်မယ့် အခြေအနေပါပဲ။

The Alpha Zone (Completed)Where stories live. Discover now