{ 70 }

4.7K 662 109
                                    

"ဖေဖေ သားကြိုက်တဲ့ ဒီအရုပ်လေးကိုလည်း ယူသွားမယ်နော်..."

သားအတွက် ခရီးဆောင်အိတ်ကို ပြင်ပေးနေသော ထယ်ယောင်းရဲ့အနားသို့ ဗြောကရောက်လာပြီး သူအကြိုက်ဆုံးအရုပ်ဖြစ်သည့် Ironman အရုပ်လေးကို မြှောက်ပြရင်း ယူသွားချင်ကြောင်းကို ပြောလေ၏။
သားက သူငယ်ချင်းတွေနဲ့ခရီးထွက်ရမှာကို စိတ်လှုပ်ရှားပြီး ပျော်နေပေမယ့် ထယ်ယောင်းမှာတော့ ပထမဆုံးအကြိမ် သားနဲ့ခွဲရမှာမို့ မပျော်နိုင်ဖြစ်နေရသည်။

"ဖေဖေ့ဗြောလေး ခရီးသွားရမှာကို ဒီလောက်တောင် ပျော်လား....ဖေဖေဖြင့် သားကို လွမ်းနေတော့မှာပဲ..."

ဗြောက ထယ်ယောင်းရဲ့စကားကြောင့် ဖခင်ရဲ့မျက်နှာကို အကဲခတ်သလို စူးစမ်းကာတစ်ချက် ကြည့်သည်။ထို့နောက်...

"ဖေဖေ ဝမ်းနည်းနေတာလား....ဒါဆို သား မသွားတော့ပါဘူး...ဖေဖေနဲ့ပဲ တူတူနေမယ်..."

အဖေဖြစ်သူရဲ့အရိပ်အကဲကိုကြည့်ကာ ပြောလာတဲ့ သားဖြစ်သူကြောင့် ထယ်ယောင်း မျက်နှာကို ပြုံးကာဖြင့် ဖြေရတော့၏။
လွတ်လပ်ချင်တဲ့သားကို သူဘယ်လိုအနှောင်အဖွဲ့မျိုးနဲ့မှ မချုပ်ထားချင်။
အထူးသဖြင့် ချစ်လို့ပါဆိုပြီး ရင်အုပ်မကွာ ထိန်းချုပ်ကာ ကလေးရဲ့ ပျော်ရွှင်ခွင့်နဲ့လွတ်လပ်ခွင့်ကို ထိန်းချုပ်တက်တဲ့ မိဘမျိုး မဖြစ်ချင်ပါ။
သားရဲ့ ပျော်ရွှင်မှုမှာ သူ့မေတ္တာတွေက အဆိပ်အတောက်အနေနဲ့မဟုတ်ပဲ ချစ်ခြင်းအဖြစ်နဲ့သာ ပံ့ပိုးချင်ပါသည်။

"မဟုတ်တာ ဖေဖေ ဝမ်းမနည်းပါဘူး ဗြောရဲ့....ရက်ပိုင်းလောက်ခွဲနေတာက ပထမဆုံးအကြိမ်မလား...ဒါကြောင့် လွမ်းနေမှာလို့ ပြောတာပါ...."

"သားလည်းပဲ ဖေဖေ့ကို အားကြီးအားကြီး လွမ်းနေမှာပါ....ဒယ်ဒီကိုရောပဲ..."

ပြောပြီးတာနဲ့ပွေ့ဖက်လာတဲ့ဗြောကို ထယ်ယောင်း တင်းကျပ်စွာပဲ ပြန်လည်ဖက်ထားမိသည်။အခုဆို ဗြောက ဂျောင်ဂုကိုလည်း အများကြီး ခင်တွယ်နေတာမြင်ရလို့ စိတ်ချမ်းသာရပါသည်။
တခါတလေကျရင်လည်း ချန်းကို မေးတက်သေးသည်။အချုပ်ကျနေတာကို ကောင်းကောင်းသိနေတဲ့ ဗြောက ထယ်ယောင်း စိတ်အနှောက်ယှက်ဖြစ်အောင်တော့ ဂျီမကျပါ။ငါးနှစ်လောက်အတူနေလာတဲ့ အမှတ်တရတွေကို ကလေးဖြစ်တဲ့ ဗြောက မေ့နိုင်ဖို့ဆိုတာ ဘယ်လွယ်ကူပါ့မလဲ။
ပြီးတော့ ဂျောင်ဂုကိုလည်း ကျေးဇူးတင်ရပါသည်။လူကြီးတွေကြားက ပဍိပက္ခကို သားအပေါ်မသက်ရောက်စေဖို့အတွက် ချန်းကို မွေးစားဖခင်အဖြစ် ကောင်းကောင်းဆက်ဆံပေးရမယ်ဆိုတဲ့ စကားကိုပါ ဗြောနားလည်အောင် ပြောပြပေးထားတာကြောင့်ပါ။
သူ့အနေနဲ့အတ္တမကြီးပဲ သားကို မျှတတဲ့စိတ်ကလေးထည့်သွင်းဆုံးမတာကိုလည်း ကျေနပ်ရသည်။

The Alpha Zone (Completed)Where stories live. Discover now