{ 64 }

4.7K 697 79
                                    

"မရဘူး....ငါ မင်းတို့နှစ်ယောက်လုံးကို ခေါ်သွားမှာ...."

ဂျောင်ဂုရဲ့ တစ်ချက်လွှတ်အမိန့်ဆန်ဆန်လေသံက ခပ်ပြတ်ပြတ်။
ဒီနေ့ ဂျောင်ဂု ဆေးရုံကနေဆင်းခွင့်ရခဲ့သည်။ခြေထောက်ပတ်တီးဖြည်ဖို့ကတော့ လိုသေးပေမယ့် လူက ကျန်းမာနေပြီမို့ ဆရာဝန်က ဆင်းခွင့်ပြုလိုက်တာ ဖြစ်၏။
ဒါပေမယ့် သူ့ရဲ့ စံအိမ်ကို မပြန်ပဲ ကွန်ဒိုအသစ်မှာ သူနဲ့အတူ ထယ်ယောင်းတို့သားအဖပါ လိုက်နေရမယ်ဟု ဇွတ်ခေါင်းမာ၏။သူ့ရဲ့ သက်တော်စောင့်တွေနဲ့အစ်မဖြစ်သူ လာခေါ်တာကိုပင် ခေါင်းမာလျက် ငြင်းဆန်လို့နေသည်။
သူ့အစ်မကတော့ သူလည်းမနိုင်တာမို့ မင်းပဲ ကြည့်လုပ်တော့ ထယ်ယောင်းရေဟုဆိုတာ ကျွန်တော့်ထံ အပ်သွားတော့တာ...

"မင်း စံအိမ်မှာပဲ သက်တောင့်သက်သာနေတာ ပိုမကောင်းဘူးလား..."

"မနေချင်ပါဘူး....ငါ မင်းနဲ့ရော သားနဲ့ပါ ထပ်ပြီး ခွဲမနေချင်တော့ဘူး....မင်းတို့ကိုလည်း ငါ့ စံအိမ်ကို ခေါ်ရင်လိုက်မှာမဟုတ်ဘူးဆိုတာ သိလို့ ငါ မင်းတို့နှစ် ယောက်လုံးကို အိမ်အသစ်ဆီပဲ ခေါ်သွားမှာ...ဗြောကိုလည်း ညနေကျ အိမ်မှာ တွေ့မယ်လို့ ကတိပေးလိုက်တယ်..."

ကျောင်းသွားတဲ့ ကလေးနဲ့ပါ ချုပ်ပြီးပြောနေတဲ့ ဒီ Alpha ကြီးက ခပ်ဆိုးဆိုး ဇွတ်တရွတ်။

"ဒါပေမယ့်...."

"ဘာကို ဒါပေမယ့်လဲ....မင်းက ငါနဲ့တူတူမနေချင်တာလား..."

"အဲ့ဒီလိုမဟုတ်ပါဘူး....ငါတို့ သားအဖကြောင့်နဲ့ မင်း ဒုက္ခများမှာကို အားနာလို့...ဗြောကလည်း နေသားမကျမှာစိုးတယ်..."

ထယ်ယောင်းက ပြေရာပြေကြောင်းပြောပေမယ့် မျက်ထောင့်နီနဲ့စိုက်ကြည့်ခြင်းခံရသည်။

"ငါက မင်းအတွက် ဘာလဲ ထယ်ယောင်း.."

"ဟမ်...ဘာလဲ ရုတ်တရက်..!"

"ပြောလေ....ငါက မင်းအတွက် ဘယ်လိုနေရာမှာ သတ်မှတ်ထားတဲ့သူလဲ...."

"မင်းက ဗြောရဲ့ အဖေလေ..."

"ဟင့်အင်း....ငါကြားချင်တာ အဲ့ဒါမဟုတ်ဘူးနော်....ဗြော မရှိလာခင် မင်းနဲ့ငါရဲ့ ပက်သက်မှုကိုမေးတာ။ အဲ့ဒါက အကျုံးမဝင်တော့ဘူးလား...?ငါက မင်းအတွက် အရေးကြီးတဲ့သူ မဟုတ်ဘူးလား..."

The Alpha Zone (Completed)Where stories live. Discover now