{ 39 }

6.1K 922 247
                                    

"ထယ်ယောင်း.."

ဆို့နင့်စွာခေါ်လိုက်တဲ့ အသံနောက် ပြန်လည်ရရှိလိုက်သည့် အကြည့်စိမ်းစိမ်းတွေက ဂျောင်ဂု ရင်ကို ဓါးနဲ့ထိုးလိုက်သည့်နှယ်။မမြင်ရတာ ငါးနှစ်ဆိုရင်တောင် ဂျောင်ဂုအနေနဲ့သူ့ကို လူမှားစရာအကြောင်းမရှိ။ဒီလောက်နှစ်တွေအကြာကြီး လွမ်းဆွတ်ခဲ့ရတဲ့ သူဟာ အခုမျက်စိရှေ့၌ မြင်နေရပေမယ့်  မိမိကိုတစ်ခါမှ မသိတဲ့သူလိုမျိုး ကြည့်နေတာမို့ ရင်ထဲ အောင့်ခနဲ။ခြေလှမ်းတွေဟာလည်းရှေ့ဆက်တိုးဖို့ မေ့လျော့နေဆဲ။သူဟာလည်း ကျွန်တော့်ကို ကြည့်မြဲတိုင်းသာကြည့်နေဆဲ။

ဟန်ဗြောဆိုတဲ့ ကလေးလေးကသာ ကျွန်တော်တို့နှစ်ယောက်ကို နားမလည်သောအမူအယာနဲ့ကြည့်ရင်း ရှိနေလေ၏။

"သွားကြမယ် ဗြော.."

"ခနလေး...ငါတို့ စကားပြောရအောင်ပါ..."

ထယ်ယောင်း ထွက်သွားဖို့ကို မြင်မှ ဂျောင်ဂု အသည်းသန် လှမ်းတားမိသည်။
မျက်စိရှေ့မှာ မြင်နေရပြီးမှ နောက်ထပ် ပျောက်သွားဖို့ခွင့်မပြုနိုင်။ဒါပေမယ့် ထယ်ယောင်းက ကျွန်တော့်စကားကို နားမထောင်ပဲ ထွက်သွားရန်သာပြင်နေ၏။
ဂျောင်ဂု သူ့လက်ကို အလျင်မြန်လှမ်းဆွဲလိုက်ကာ...

"ငါတို့ စကားပြောဖို့လိုတယ်လေ ထယ်ယောင်း.."

ဂျောင်ဂုရဲ့အသံတွေဟာ အဖျားခတ်တုန်ယင်လို့နေသည်။
ထယ်ယောင်းက သူ့လက်တွေကြားကနေရုန်းထွက်လိုက်ပြီး..

"မင်းနဲ့ငါကြား ဘာမှပြောစရာမရှိဘူး.."

"ပြောရမယ်...ငါတို့ ဒီအတိုင်းကျော်သွားလို့မရဘူး..."

သူပြန်ဆွဲထားလည်း ထယ်ယောင်းကရုန်းတာမို့ သူတို့နှစ်ယောက်ကြား နည်းနည်း  ရုန်းရင်းဆန်ခတ်ဖြစ်သွားတော့ ဟန်ဗြောက ငိုမဲ့မဲ့ဖြစ်လာပြီး..

"ဦးဦး....ဖေဖေနဲ့ရန်မဖြစ်ပါနဲ့.."

"မငိုနဲ့ ဗြော...ဖေဖေတို့က ရန်ဖြစ်နေတာမဟုတ်ပါဘူး....သား အခု ကားထဲမှာသွားထိုင်နေနော်....ခနနေ ဖေဖေလိုက်လာမယ်.."

သားကိုချော့နေတုန်းမှာပဲ ချန်းက ရောက်လာသည်။ကြည့်ရတာ ထယ်ယောင်းကြာနေလို့ လိုက်လာတဲ့ပုံပါပဲ။

The Alpha Zone (Completed)Where stories live. Discover now