{34}

6.5K 918 234
                                    

"အားလုံးလည်း စုံပြီဆိုတော့ အခန်းခွဲပေးမယ်....တစ်ခန်းမှာ နှစ်ယောက်စီနေရမယ်...တစ်ခန်းတည်းနေရမယ့်သူတွေရဲ့ နာမည်တွေကို ပြောပြပေးမယ်....အဲ့ဒါမပြောခင် ဒီလေ့လာရေး ခရီးစဉ်ကို တည်းခိုရတာရော ၊စားသောက်ရတာကိုပါ လွယ်ကူအောင် စီစဉ်ပေးတဲ့ တော်ဝင်စံအိမ်က သခင်ကြီးတို့ ဇနီးမောင်နှံနဲ့မင်းတို့အားလုံးကို မိတ်ဆက်ပေးမယ်..."

ဆရာ့ရဲ့စကားအဆုံး သက်လတ်ပိုင်းအရွယ် အမျိုးသားနဲ့အမျိုးသမီး နှစ်ဦး ယှဉ်တွဲကာ ကျောင်းသားအားလုံးရှေ့ ရပ်လေ၏။
သူတို့ဘေးမှာ ဂျွန်ဂျောင်ဂုပါရှိနေပြီး ဂျောင်ဂုရဲ့ကြံ့ခိုင်တဲ့ ခန္ဓာကိုယ်နဲ့အရပ်အမောင်းရယ်၊‌ယောင်္ကျားဆန်တဲ့မေးရိုးပုံစံတွေက သခင်ကြီးနဲ့တစ်ထပ်တည်းပင်။
ဘေးနားမှ ဂျောင်ဂုအမေဖြစ်ဟန်တူသည့် အန်တီကတော့ ဂျောင်ဂုနဲ့ဆင်တူမျက်လုံးဝိုင်းကြည်တောက်တောက်လေးတွေရှိ၏။

သူတို့နှစ်ယောက်ကို ကျောင်းသားအားလုံးက သိပ်မစိမ်းကြ။
ပရဟိတနဲ့အခြားသော စီးပွားရေးပိုင်ဆိုင်မှုတွေရဲ့ ပိုင်ဆိုင်သူအဖြစ် သတင်းတိုင်းမှာ အမြဲလိုလိုဖော်ပြခံရသူတွေမို့လေ။ထယ်ယောင်းကသာ အားလုံးနဲ့ကွဲလွဲပြီး အခုမှ ပထမဆုံး မြင်ဖူးသည့် အခြေအနေပါ။
စကားမပြောခင် သခင်ကြီးက ကျောင်းသားအားလုံးကို ဝေ့ကာတစ်ချက်ကြည့်သည်။ထယ်ယောင်းနဲ့အကြည့်ချင်းဆုံတော့ တစ်ချက်အကဲခတ်သလိုစိုက်ကြည့်ပြီးနောက် မျက်နှာလွှဲသွားတော့၏။
ထယ်ယောင်းပဲစိတ်ထင်လို့လားမသိ။
ထိုအကြည့်တွေက ကျွန်တော့်ပေါ်မနှစ်မြို့သည့် အရိပ်ယောင်တွေနဲ့။

ထို့နောက် ဩဇာပြည့်ဝသည့်အသံက ရှင်းလင်းစွာ ထွက်ပေါ်လာ၏။

"မင်္ဂလာပါ ကလေးတွေ....ဒီခရီးကလေ့လာရေးခရီးဆိုပေမယ့် စိတ်အပန်းဖြေလို့ရအောင်စီစဉ်ထားတာမို့ အားလုံးလွတ်လွတ်လပ်လပ်နဲ့သဘာဝတရားထဲမှာ ပျော်ကြပါ...မထိခိုက်စေပဲ အချင်းချင်း ကူညီဖေးမရမယ်ဆိုတာတော့ မမေ့ကြနဲ့နော်....Alpha တွေကလည်း Pheromones တွေကို ထိန်းချုပ်ပြီး စည်းထားရမယ်...ကျန်းမာရေးကိစ္စအတွက်လည်း ဆရာဝန်တွေပါရှ်ိတာမို့ နေထိုင်မကောင်းတာမျိုးရှ်ိရင် လာပြောကြပါ....ဒီနေ့တော့ ညစာစားပြီး အနားယူကြ....နောက်နေ့မနက်စောစောကျမှ တောင်ပေါ်တက်ဖို့ သွားကြပေါ့...ဟုတ်ပြီလား ကလေးတို့..."

The Alpha Zone (Completed)Where stories live. Discover now