{ 37 }

6.3K 854 180
                                    

"ဟဲလို...မမငယ်..."

"ဟဲလို ဂုဂုလား..?"

အစည်းအဝေးခန်းထဲက ထွက်လာလာချင်း မမငယ်ထံမှ ဖုန်းဝင်လာတာမို့ ကိုင်လိုက်စဉ် တစ်ဖက်မှ ဖြေဆိုသူက မထင် မှတ်ထားပဲ အွန်းချယ်ဖြစ်နေ၏။

"ဟုတ်ပါ့ဗျာ....ပြောပါဦး အွန်းချယ်လေး ဘာလိုချင်လို့လဲ.."

"မီးမီး ရေခဲမုန့်စားချင်လို့ ဂုဂု.."

"အွန် ဟွန်.....ဟိုတစ်ပါတ်ကဝယ်ထားပေးတာ ကုန်သွားပြီပေါ့..."

"အဲ့ဒါက ရှိပါသေးတယ်....ဒါပေမယ့် အဲ့ဒါက စတော်ဘယ်ရီလေ....  အွန်းချယ်က အခု ချော့ကလက်အရသာ စားချင်နေတာ..."

"ဪ...ဒါကြောင့် ဦးဦးကို ချော့ကလက် ရေခဲမုန့်ဝယ်လာပေးဖို့ ဖုန်းဆက်လိုက်တာပေါ့..."

"ဟီးးးဟုတ်တယ် ဂုဂု...မေမေ့ကို ဆက်ခိုင်းပေမယ့် မေမေက ဂုဂုအလုပ်ရှုပ်နေမှာတဲ့...ဖုန်းဆက်ရင် အွန်းချယ်ကို စိတ်ဆိုးမှာတဲ့....ဒါပေမယ့် အွန်းချယ်က ရေခဲမုန့်အားကြီးစားချင်လို့ ဂုဂုဆီဖုန်းခိုးဆက်လိုက်တာပါ...အဲ့ဒါ ဂုဂု စိတ်ဆိုးသလားဟင်..."

အတက်မလေးက သူ့အမေမသိအောင်ဖုန်းခိုးဆက်ပြီး သူ့ကို စိတ်ဆိုးသလားဟူ၍ ခပ်ချွဲချွဲလေသံနဲ့ပြောနေသေး။

"မဆိုးပါဘူးဗျာ..."

"အဲ့ဒါဆို မေမေ့ကိုလည်း ပြန်ပြောရဝူးနော်..."

"ကင်မ်အွန်းချယ်...!"

ဂျောင်ဂုကတော့ အလိုလိုက် ပေးမှာဆိုပေမယ့် အွန်းချယ်ရဲ့ ဆန္ဒတွေမပြည့်ဝလိုက်။
သူမကို လှမ်းခေါ်နေတဲ့ အစ်မဖြစ်သူ၏အသံကို ဖုန်းထဲကနေကြားလိုက်ရပြီးနောက် တစ်ဆက်တည်းမှာပဲ ဖုန်းဖြေဆိုသူက နေရာချင်းလဲသွားတော့၏။

"ဆောရီးပါ မောင်လေးရယ်...အလုပ်ရှုပ်နေမှာကို နင့်တူမက ဘာတွေဂျီကျသေးလဲ....ရေခဲမုန့် ဝယ်ခိုင်းတာပဲမလား...ဒီကောင်မလေးတော့ တအားဆိုးနေတာ..."

"ဟုတ်တယ် မမငယ်...ကျွန်တော် ဝယ်လာလိုက်ပါ့မယ်...အရမ်းလည်းဆူမနေပါနဲ့...အွန်းချယ်က ကလေးပဲလေဗျာ.....သူဖြစ်ချင်တာကို သူဘယ်ထိန်းနိုင်ပါ့မလဲ...ပြီး‌တော့ ကျွန်တော့်တူမပဲဟာ အလုပ်မရှုပ်ပါဘူး...."

The Alpha Zone (Completed)Where stories live. Discover now