{ 58 }

4.8K 794 76
                                    

"ရေသောက်လိုက်ပါဦး..."

ထယ်ယောင်းရဲ့လက်ထဲသို့ ရေခွက်ကို ထည့်ပေးကာ ဂျောင်ဂု သောက်စေလိုက်သည်။
အောက်ထပ်မှာဆုံတုန်းကလည်း အတော်လေးငိုနေခဲ့သလို အိမ်ပေါ်ရောက်တော့ ဗြောရဲ့အကြောင်းကို ပြောပြရင်း ဝမ်းနည်းစွာငိုနေခဲ့တာမို့ပါ။
ထယ်ယောင်းကို ပွေ့ဖက်ကာနှစ်သိမ့်ပေးနေရတဲ့ ကျွန်တော်ကိုယ်တိုင်သည်လည်း ရင်ကွဲလို့နေရသည်။
စားပွဲထက်မှာတင်ထားတဲ့ စာရွက်အပိုင်းစတွေကိုပင် ထပ်မကြည့်နိုင်ရတဲ့အထိ။
ဒါပေမယ့်လည်း ကျွန်တော့်မှာ အားတင်းကာ ထယ်ယောင်းကို ချော့မော့ရသည်။

"အဆင်ပြေရဲ့လား.."

"ဂျောင်ဂု ....ဗြောကို ဘယ်လိုလုပ်ကြမလဲ..."

"အရမ်းကြီး မစိုးရိမ်ပါနဲ့....ဒါက ခက်ခဲတဲ့ကိစ္စဆိုပေမယ့် သားဟာ ဒီအမှန်တရားကို လက်ခံရမယ်....သူ့စိတ်ကိုနာကျင်စေမယ်ဆိုပေမယ့်လည်း အမှန်တရားကတော့ ပြောင်းလဲသွားမှာမဟုတ်လို့ ငါတို့ကပဲ ဖြေးဖြေးချင်း ပြောပြပေးရမယ်..."

"ဗြော စိတ်ဒဏ်ရာရသွားမှာမျိုးကို ငါကြောက်တယ်....သားကို ငါကပဲ နာကျင်စေခဲ့သလိုမျိုးပဲမို့ ရင်နာရတယ်....အစတည်းကသာ ငါတို့ပြဿနာတွေထဲ သားကို မထည့်ခဲ့ရင်ကောင်းမှာပဲ....ဂျောင်ဂု...ငါ ဘယ်လိုလုပ်ရင်ကောင်းမလဲ....ငါ့ကိုသားက မုန်းသွားမှာတော့ မဟုတ်ဘူးမလား....ဟင့်အင်း...သားက ငါ့ကို မုန်းသွားလောက်တယ်...ငါ့ကြောင့်....ငါ့အမှားကြောင့် သားက နာကျင်ရတာ..."

တုန်လှုပ်စွာပြောနေတဲ့ ထယ်ယောင်းကို ဂျောင်ဂုပွေ့ဖက်ထားပေးလိုက်တယ်။
အများကြီးစိုးရိမ်လွန်နေတဲ့ စိတ်ကို တည်ငြိမ်စေအောင်လို့ပါ။

"မင်း အမှား မဟုတ်ပါဘူး...သားက ငယ်ပေမယ့် ဉာဏ်ထက်တဲ့ ကလေးပါ.....အစပိုင်းမို့ သူလက်မခံနိုင်ရင်တောင် ဖြေးဖြေးချင်း သိလာပါလိမ့်မယ်...မင်း မမှားတာမို့ ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့....ငါ ရှိပါတယ်....ငါ မင်းနဲ့အတူရှိနေပေးမှာမို့ အရမ်းကြီး သောကမရောက်ပါနဲ့ကွာ....သားကလည်း ငါ့အတွက်အရေးကြီးသလို မင်းကလည်း အရေးကြီးတာမို့ ဒီလိုမျိုး စိတ်ထိခိုက်နေတဲ့ မင်းကို မြင်ရတာ ငါက ရင်နာရတယ်..."

The Alpha Zone (Completed)Where stories live. Discover now