{ 57 }

4.8K 772 95
                                    

"ချန်း....မင်း အထဲမှာရှိလား..."

ချန်းရဲ့ အခန်းတံခါးကိုခေါက်ကာ ထယ်ယောင်းအသံပြုလိုက်ပေမယ့် အထဲကနေ တုံ့ပြန်ခြင်း တစ်စုံတစ်ရာမရှိ။ အခုချိန်ထိမထသေးတာများလား။ဒါမှမဟုတ် ညက ပြန်မလာဘူးလား။
အခုရက်ပိုင်းအတွင်း ချန်းက ညနောက်ကျမှပြန်လာတက်သည်။မနက်ဆိုလည်း အစောကြီးထသွားတက်၏။ဟိုနေ့ကကိစ္စပြီးတည်းက ထယ်ယောင်းနဲ့သူ မျက်နှာချင်းမဆိုင်ပါ။
ဗြောကိုတော့ အခန်းထဲခေါ်ခေါ်တွေ့တက်တာကို ထယ်ယောင်းသိပါသည်။

"ချန်း.....ငါ ဝင်လာခဲ့မယ်နော်..."

တံခါးလက်ကိုင်ကိုလှည့်ကာ ဝင်လိုက်တော့ အထဲမှာဘယ်သူမှ ရှိမနေ။သေသပ်စွာခေါက်သိမ်းထားတဲ့ အိပ်ယာကိုသာ  ထယ်ယောင်းတွေ့လိုက်ရတော့ အံ့ဩသွားရ၏။ဒီ‌နေ့လည်း ဘယ်အချိန်ကများ ထွက်သွားလိုက်ပါလိမ့်။

"ဖေဖေ..."

"အော ဗြောလေး....နိုးလာပြီလား..."

"ဟုတ်ကဲ့....သား ဗိုက်ဆာတယ် ဖေဖေ...."

"အင်း ဖေဖေ မနက်စာပြင်ထားတယ်နော်...သွားစားကြမယ်..."

ချန်းက ကျွန်တော့်ကို စိတ်ဆိုးမပြေသေးလို့  အစောကြီး ထွက်သွားတာပဲဖြစ်မှာပါလေ။ဒီနေ့လည်း မနက်စာကပိုသွားပြန်ပြီပေါ့။

"‌ ဗြော...ဒီနေ့လည်း ဖေဖေ ကျောင်းလိုက်ပို့မယ်နော်..."

"ဟုတ်ကဲ့..."

ကျောင်းလိုက်ပို့မယ့်အကြောင်းကို ပြောလိုက်ပေမယ့် သားဖြစ်သူက ပျော်မသွားတာကို မြင်လိုက်ရတော့ ထယ်ယောင်းစိတ်ထဲမကောင်း။
အခုလည်း မျက်နှာလေးက မရွှင်မပျနဲ့မို့ သားကို အားနာမိသည်။အခုတလောချန်းက မနက်ပိုင်းဆိုအိမ်မှာမရှိတော့ သားကလည်း အလိုမကျဖြစ်နေပုံရသည်။

"ဖေဖေ....ပါးပါးနဲ့ဘာလို့ စကားမပြောတာလဲဟင်...."

"ပြောပါတယ် ဗြောလေးရဲ့.."

"ဖေဖေ လိမ်နေတာ....ပါးပါးကို မေးတော့ ပါးပါးကပြောတယ်....ဖေဖေ မကြိုက်တာလုပ်မိလို့ ပါးပါးကို စိတ်ဆိုးနေတာတဲ့....အဲ့ဒါကြောင့် စကားမပြောတာတဲ့...."

ထယ်ယောင်း ဘာဖြေရမယ်တောင်မသိ။
အရိပ်အကဲခတ်မြန်တဲ့ ဗြောကြောင့် ဆက်ပြီးလိမ်ဖို့မဖြစ်နိုင်။

The Alpha Zone (Completed)Where stories live. Discover now