{ 46 }

5.1K 693 96
                                    

"ဒေါက် ဒေါက် ဒေါက်..."

"ဟုတ်ကဲ့ လာပါပြီ..."

ဒီနေ့ အတန်းမရှိလို့ ထယ်ယောင်း  အိမ်မှာပဲ ရှိနေစဉ် တံခါးခေါက်သံကြောင့် သွားဖွင့်ပေးလိုက်တော့ အလုပ်သမားကောင်မလေးတစ်ယောက်ဖြစ်နေကာ..

"သခင်ကြီးက ခေါ်ခိုင်းလိုက်လို့ပါ သခင်လေး....ကျွန်မနဲ့အတူတူ တစ်ခါတည်းလိုက်ခဲ့ပါ..."

"ကောင်းပါပြီ ကျွန်တော် လိုက်ခဲ့ပါ့မယ်..."

ကောင်မလေးခေါ်ရာနောက်သို့ ထယ်ယောင်းလိုက်သွားလိုက်တော့ ပင်မအိမ်ကြီးဆီရောက်ခဲ့၏။
ဒီအိမ်မကြီးဆီကို ခြေချဖြစ်တာဒါနဲ့ဆို ဒုတိယအကြိမ်မြောက်၊ဂျောင်ဂုမရှိတည်းက ဒီအိမ်မကြီးဆီကို ထယ်ယောင်း မရောက်ဖြစ်သလို ရောက်စရာအကြောင်းလည်းမရှိ။မိမိနေရမယ့်နေရာမှာပဲ ရှိနေရင်း တခါတလေ ဂျောင်ဂုအမေနဲ့အဖွားကလာကြည့်တက်သလို ဂျောင်ဂုအမတွေကလည်း ထယ်‌ယောင်း မပျင်းအောင် အဖော်လုပ်ပေးတက်ပါ၏။
ဒီအိမ်ကိုရောက်တည်းက ထိုသို့နေနေခဲ့တာမို့ ဒီအိမ်မကြီးနဲ့အရာရာက စိမ်းသက်လွန်းလှသည်။

အိမ်မကြီးထဲ လှမ်းဝင်လိုက်တာနဲ့ တော်ဝင်မျိုးရိုးလူကုံထံတွေနေတဲ့အိမ်ပီပီ အရာရာတိုင်းက တန်ဖိုးရှိစွာတောက်ပလို့နေပြီး ထယ်ယောင်းနင်းဖြတ်လာတဲ့ ကြမ်းပြင်ကအစပြောင်လက်လို့နေတာမို့ ခြေလှမ်းတွေတောင်မဝံ့မရဲ။
ဒါနဲ့ ဂျောင်ဂုအဖေက ဘာလို့များ ကျွန်တော့်ကို ခေါ်တွေ့တာပါလိမ့်။အထွေထူးမဟုတ်ရင် တော်ရုံမျက်နှာချင်း ဆုံဖို့ ခက်ခဲသူမဟုတ်လား။

"ဒီအခန်းပါပဲ သခင်လေး...အထဲဝင်သွားလိုက်ပါ သခင်ကြီး စောင့်နေပါတယ်..."

ကောင်မလေးက အခန်းတံခါးကိုဖွင့်ပြောရင်း ပြောလာတာမို့ ထယ်ယောင်းအခန်းထဲသို့ လှမ်းဝင်လိုက်သည်။
စာအုပ်စင်တွေအစီအရီနဲ့ရှိနေသောအခန်းက နေရောင်‌ခြည်ခပ်နွေးနွေးရနေသည်။စာဖတ်ရတာဝါသနာပါတဲ့ ထယ်ယောင်းအတွက် ဒီနေရာလေးက သဘောကျချင်စရာ ကောင်းလှ၏။

"ကျွန်တော်ရောက်ပါပြီ သခင်ကြီး..."

ထယ်ယောင်း အသံပြုလိုက်တော့ စာအုပ်တစ်အုပ်ကို ဖတ်နေသည့် သခင်ကြီးက မော့ကြည့်ကာ..

The Alpha Zone (Completed)Where stories live. Discover now