{21}

7.9K 1.1K 161
                                    

"ထယ်ယောင်း မင်း ဘာဖြစ်လို့လဲ.."

တိုးဖျော့နေတဲ့ တစ်ဖက်ကအသံကြောင့် စိုးရိမ်စိတ်တွေနဲ့အတူတူ လူကလည်း အလိုလိုမတ်တပ်ရပ်မိပြီးသား ဖြစ်သွားရသည်။
ဘေးမှ ယွန်းဆောသည်လည်း သူ့နည်းတူလိုက်ရပ်ရင်း..

"ဂျောင်ဂု ဘာဖြစ်တာလဲ.."

မေးလာတဲ့ သူမကို ပြန်မဖြေနိုင်အား။
တစ်ဖက်က ငိုသံစွက်နေတဲ့ ကင်မ်ထယ်ယောင်းအသံကိုပဲ ဂျောင်ဂု အာရုံအပြည့်နဲ့ နားထောင်နေမိသည်။

"မင်း အားရင် ငါ...ငါ့ကို လာခေါ်ပေးပါလား.."

"ဟုတ်ပြီ လာခေါ်မှာမို့လို့ အရင်ဆုံး စိတ်အေးအေးထားပြီး မင်း ဘယ်မှာရှိနေတယ်ဆိုတာ ငါ့ကို ပြောပြ.."

"ငါ မသိဘူး...ဒီနေရာကို တစ်ခါမှမရောက်ဖူးဘူး..."

တုန်ယင်နေတဲ့အသံလှိုင်းတွေကို နားထောင်ရုံမျှနဲ့ သူတစ်ယောက်တည်း လန့်နေတာကို ခံစားလို့ရနေသည်။
ဒါပေမယ့် ဘယ်မှာရှိနေမှန်းသေချာသိရမှ အချိန်တိုအတွင်း သူ့ဆီရောက်နိုင်မှာမို့ ဖျောင်းဖျရတော့သည်။

"ထယ်ယောင်း ငါပြောတာ သေချာနားထောင်....မင်း အခု လုံခြုံနေရဲ့လား..."

"ငါ ဘေးကင်းပါတယ်..."

"ကောင်းပြီ ဒါဆို အခု စိတ်ကို အတက်နိုင်ဆုံးငြိမ်အောင်ထားပြီးတော့ မင်း ရောက်နေတဲ့ နေရာနားမှာ ဘာတွေရှိလဲဆိုတာ သေချာပြောပြ....အဲ့ဒါမှ ငါမင်းကို ကူညီလို့ရမှာ ဟုတ်ပြီလား.."

ဂျောင်ဂုပြောပြပေးလိုက်တော့ တစ်ခနတော့ စကားသံတိတ်သွားသည်။
ကြည့်ရတာ ဘေးပါတ်ဝန်းကျင်မှာ ဘာရှိလဲ သူလိုက်ကြည့်နေပုံပါပဲ။

"သက်တန့်ရောင်စုံ ကစားကွင်း...အဲ့လိုရေးထားတဲ့ ဆိုင်းဘုတ်တစ်ခုတွေ့တယ်....ရပ်ကွက်တစ်ခုခုရဲ့ ပန်းခြံထဲက ကစားကွင်းထဲရောက်နေတာ.."

"ဟုတ်ပြီ ငါ မင်းကို လာခေါ်မယ်....အဲ့ဒီကို မရောက်ရောက်အောင်လာခဲ့မှာမို့ အခုပုန်းနေတဲ့နေရာကနေ တစ်လက်မတောင်မရွေ့ပဲ စောင့်နေပါ....ဖုန်းရဲ့ location ကိုပါဖွင့်ထား...မကြောက်နဲ့....ဟုတ်ပြီလား...."

The Alpha Zone (Completed)Where stories live. Discover now