{ 60 }

5.1K 734 93
                                    

ဖေဖေ....ဆရာမက ဒါလေး ပေးလိုက်တယ်..."

ဒီနေ့ ကျောင်းကအပြန်မှာ သားက ဖိတ်စာလေးတစ်ခုကို ထုတ်ပြလာတာမို့ ကြည့်လိုက်တော့ ကလေးများနေ့အတွက် ပျော်ပွဲရွှင်ပွဲ ဖိတ်စာဖြစ်နေ၏။သားရဲ့ အခြေနေက ဒီရက်ပိုင်းအတွင်းမှာအနည်းငယ် တည်ငြိမ်လာပြီမို့ ကျောင်းကို ပြန်ပို့ခဲ့သည်။အတန်းပိုင်ဆရာမကလည်း ဂရုစိုက်ပေးပါ့မယ်ဆိုပြီး ပြောတာမို့ စိတ်ချလက်ချပင်ပို့ခဲ့၏။ထိုဆရာမမှတစ်ဆင့် သားဟာ အရင်ကလိုအခြေနေထိတော့မဟုတ်ပေမယ့်လည်း အရမ်း တိတ်ဆိတ်နေတာမျိုး‌ တွေ ၊ပုံဆွဲတာမျိုးတွေတော့ မလုပ်တော့ဘူးဟု ပြောတာကြောင့် အနည်းငယ် စိတ်အေးရသည်။

"အဲ့ဒါ ဘာလဲဟင် ဖေဖေ.."

"ကလေး‌များနေ့အတွက် ကျောင်းသားတွေအားလုံး ပျော်ပွဲရွှင်ပွဲလုပ်မှာမို့ မိဘတွေကို ဖိတ်တာ ဗြောရဲ့....ဖေဖေ လိုက်ခဲ့ပေးမယ်နော်..."

"ဟုတ် ဖေဖေ....ဒါပေမယ့် ဆရာမက ပြော‌ သေးတယ်..."

"အွန်း ဘာပြောလိုက်တာလဲ..?"

"မိဘနှစ်ယောက်စလုံးကို ခေါ်လာရမယ်တဲ့..."

သားက ခပ်တိုးတိုးသာပြောပြီး ထယ်ယောင်းကို မျက်လုံးဝိုင်းကလေးများဖြင့် ကြည့်လို့နေသည်။
သားက ဘာကို စိုးရိမ်နေလဲဆိုတာ ထယ်ယောင်း သိပါတယ်။ချန်းက အိမ်ပြန်မလာတာ တစ်ပါတ်လောက်ရှိနေပြီမို့ သားက သတိရနေပြီဖြစ်မှာ။
နဂိုတည်းကမှ ထယ်ယောင်းထက် ချန်းကိုခင်တွယ်တာမို့လေ...

"ဖေဖေ.....ပါးပါးကရော လာမှာလားဟင်..."

"အင်း ဖေဖေ ခေါ်လိုက်ပါ့မယ်.....သားက စိတ်မပူနဲ့နော်..."

"ဟုတ်ကဲ့ ဖေဖေ...ဒါဆို သား အခန်းထဲသွားတော့မယ်နော်..."

ထယ်ယောင်းခေါင်းငြိမ့်ပြလိုက်တာနဲ့ သားကသူ့အခန်းထဲသို့ ပြေးဝင်သွားသည်။
အခြားကလေးတွေကြား သားကို ထယ်ယောင်း မျက်နှာမငယ်စေချင်ပါ။

ဒါကြောင့် ထယ်ယောင်းလည်း ချက်ချင်းပဲ ချန်းဆီကို ဖုန်း‌ခေါ်ကြည့်လိုက်ပေမယ့် ထုံးစံအတိုင်းမကိုင်။
ထယ်ယောင်း ဖုန်းခေါ်တာရပ်လိုက်ပြီး စာပို့ထားလိုက်ရင်း သက်ပြင်းသာချမိသည်။ချန်းရဲ့ဒီလို တစ်ဇွတ်ထိုးခေါင်းမာမှုမျိုးနဲ့ဆို ရှေ့လျှောက် လွယ်ကူမယ်မထင်ဘူး။
ကျွန်တော်သာ ဂျောင်ဂုကို အခွင့်အရေးပေးပြီး ပြန်အဆင်ပြေဖို့ ဆုံးဖြတ်ထားတယ်ဆိုတာကိုသာပြောပြလိုက်ရင် ဘာတွေဆက်ဖြစ်လာမလဲဆိုတာ မခန့်မှန်းတက်တော့ပါ။

The Alpha Zone (Completed)Where stories live. Discover now