{ 67 }

4.5K 681 79
                                    

"ကဲ ကျောင်းကို ရောက်ပါပြီဗျာ...."

သားရဲ့ကျောင်းဝင်းထဲကို ရောက်တာနဲ့ ကားကိုသေချာရပ်လိုက်ပြီးပြောလိုက်တော့ နောက်ခန်းမှ သားအဖဟာ ထယ်ယောင်းပြောတာကို ကြားပုံမရ။
တိုးတိုးတိုးတိုးဖြင့် တိုင်ပင်လို့ နေကြသည်မို့...

"ဒီသားအဖတွေ ဘာတွေများ ဒီလောက်ထိပြောနေကြတာလဲ..."

"ဟီးးးးဘာမှမဟုတ်ပါဘူး ဖေဖေ..."

ဗြောက စပ်ဖြီးဖြီးလေးရယ်ပြကာဖြင့် ငြင်းဆိုလာသည်။ဒီကနေအပြန်  ဆေးရုံသို့ခနဝင်ရဦးမည်။ဂျောင်ဂုရဲ့ခြေထောက်ကိုပါတ်တီးဖြည်မှာမို့ သားကို ကျောင်းအရင်ဝင်ပို့ကြတာဖြစ်၏။
ဒါကို သားအဖနှစ်ယောက် ကားပေါ်‌ရောက်တည်းကဘာတွေ တိုင်ပင်ထားကြတယ်မသိ။တကြိတ်ကြိတ်နဲ့လုပ်နေကြတာ။ထယ်ယောင်းကတော့ ကားကိုဂရုစိုက်မောင်းလာရလို့ဘာမှသေချာမသိ။အခုမေးတော့လည်း သားအဖတွေက ပြုံးစိစိသာလုပ်လို့နေကြသည်။

"ဘာလဲ...ဗြောတို့နှစ်ယောက်ပဲသိပြီး ဖေဖေ သိလို့ မဖြစ်တဲ့ ကိစ္စလား..."

ထယ်ယောင်းက စနောက်ကာ စိတ်ဆိုးသလို လေသံဖြင့်မေးတော့ လူလည်လေးဗြောက...

"သား ဖေဖေ့ကို ပြောပြချင်ပါတယ်...ဒါပေမယ့် ဒါက လျှို့ဝှက်ချက်မို့ အခြားသူကို မပြောရဘူးလို့ ဒယ်ဒီနဲ့ကတိပေးပြီးသွားပြီမို့လို့ပါ....သားကို စိတ်မဆိုးနဲ့နော်...အားကြီးချစ်တယ် ဖေဖေ မွ......ဒယ်ဒီကိုရောပဲ..."

ထယ်ယောင်းရဲ့ပါးကို လှမ်းနမ်းပြီးနောက် ဂျောင်ဂုကိုလည်း တစ်ချက်နမ်း၍ ဗြောလေးက ကားပေါ်မှဆင်းပြီး ကျောင်းခန်းထဲသို့ ဝင်သွားတော့၏။
ကျောပိုးအိတ်အဝါလေးကိုလွယ်ကာ လုံးနေအောင်ပြေးသွားတဲ့သားရဲ့နောက်ကျောလေးပျောက်သွားမှ ထယ်ယောင်းတစ်ယောက် ကားနောက်ခန်းထဲကို ခပ်စွေစွေ လှည့်ကြည့်မိသည်။
ဂျောင်ဂုကလည်း သားကို ငေးနေရာကနေ ထယ်ယောင်းကြည့်နေတာကို သတိထားမိဟန်ဖြင့်...

"ဘာလဲ....ဘာလို့ ငါ့ကို အဲ့လောက်ကြီး ကြည့်နေရတာလဲ.."

"မင်းတို့သားအဖ ဘာတွေ ပြောနေကြတာလဲ"

The Alpha Zone (Completed)Where stories live. Discover now