{ 42 }

5.9K 859 75
                                    

လွန်ခဲ့သော ငါးနှစ်ခန့်က......။

မီးရောင်စုံနဲ့တဲအိမ်ကလေးထဲ အချစ်‌ တွေဖြန့်ခင်းကာ ပျော်မြူးခဲ့ကြသည့် ဂျောင်ဂုနဲ့ထယ်ယောင်းရဲ့ ကံကြမ္မာက နောက်တစ်နေ့မနက်မှာ အကြီးကျယ်ပြောင်းလဲလို့သွားခဲ့သည်။
အိပ်ဆေးခတ်ခံထားရသည့် သက်တော်စောင့်တွေဟာ ဆေးရှိန်ပြယ်သွားချိန် မင်းသားငယ်ကို မတွေ့၍လိုက်ရှာကြရာမှ ရွက်ဖျင်တဲအိမ်ကလေးအတွင်း အိပ်ပျော်နေသည့် ထယ်ယောင်းနဲ့ဂျောင်ဂုတို့ကို တွေ့သွားခဲ့ကြ၏။
နှစ်ဦးသားရဲ့ ဝတ်လစ်စလစ်ခန္ဓာကိုယ်ထက် လွှမ်းခြုံထားသော စောင်ရဲ့ လှစ်ဟနေသည့်အပိုင်းတွေမှာ အနီရောင်အမှတ်အသားအချို့ကိုတွေ့လိုက်ရသလို ဂျောင်ဂု ရင်ခွင်ထဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ ထယ်ယောင်းသည်လည်း ပင်ပန်းမှုကြောင့် အဖျားခပ်ငွေ့ငွေ့နဲ့မှိန်းနေတာ....

နှစ်ဦးသား တင်းကျပ်စွာဖက်ထားသည်မှာ ကြားလေတောင်ဝင်မရ။
သခင်ကြီးဟာ ထိုသို့ မတော်တရော်မြင်ကွင်းကိုမြင်ပြီးနောက် ဒေါသထွက်ကာ အရှက်ရသွားရ၏။

ကျောင်းသားအားလုံးရဲ့ စိတ်ထဲမှာလည်း အစက Alpha ချင်းချင်း မှားမိကြတယ်လို့ ထင်ခဲ့သော်လည်း ဆရာဝန်ရဲ့စစ်ဆေးမှုမှတစ်ဆင့် ထယ်ယောင်းဟာ Omega ဖြစ်ကြောင်း သိသွားခဲ့ကြပြီး ထိုအကြောင်းတွေဟာ တစ်ခနအတွင်း ဟိုးလေးတကြော်။
ဂျောင်ဂုနဲ့ထယ်ယောင်းမှာလည်း ရုတ်တရက်ဖြစ်လာတဲ့ ထိုအခြေနေတွေပေါ် ဘာကိုမှကောင်းကောင်းလက်မခံနိုင်သေးပဲ အစပိုင်းမှာ အားလုံး ဝေဝေဝါးဝါးဖြစ်နေကြ၏။

အခြေနေတွေ တစ်ခနတွင်း ရှုပ်ထွေးသွားပြီး‌နောက် သူတို့နှစ်ယောက်စလုံးကို တစ်ပါတည်းခေါ်၍ တော်ဝင်စံအိမ်ဆီ လျှို့ဝှက်လမ်းကြောင်းမှတစ်ဆင့် ချက်ချင်းပြန်ခဲ့ကြသည်။
.
.
.
.
.
.
.
"တောက်ခ်!!မင်းတို့ နှစ်ယောက်ကို ငါတအား စိတ်ပျက်မိတယ်....မင်းတို့အခု ဘယ်လိုဆက်လုပ်ကြမှာလဲ..."

စာကြည့်ခန်းထဲ၌ ဒေါသသံစွက်နေတဲ့ Alpha သခင်ကြီးရဲ့ အသံက ဂျောင်ဂုအတွက် မဖြုံသော်လည်း အားနည်းနေတဲ့ ထယ်ယောင်းအတွက်တော့ ထိတ်လန့်မှုကို ခံစားရစေသည်။
ဒါကို ရိပ်မိတဲ့ဂျောင်ဂုက သူ့ရဲ့ နွေးထွေးသော စန္ဒကူးရနံ့တွေထုတ်ပေးကာ ထယ်‌ယောင်းရဲ့လက်ကိုလည်း ဖွဖွညင်သာစွာ ဆုပ်ကိုင်ပေးထား၏။

The Alpha Zone (Completed)Where stories live. Discover now