{17}

7.3K 1K 130
                                    

"ဟေ့  မောနင်း..."

မိမိရှေ့၌ ပိတ်ရပ်ကာနှုတ်ဆက်သည့် ချန်းဟိုကြောင့် ထယ်ယောင်း အနည်းငယ်ပင်လန့်သွားရသည်။
စိတ်တိုစွာ ဘုကြည့်ကြည့်သည့်တိုင် သူကတော့ ပါးချိုင့်တွေထင်းနေအောင်ပြုံးပြလို့နေ၏။

"လန့်သွားတာလား ဆောရီး...ငါခေါ်နေတာ မင်း မကြားလို့..."

တကယ်တော့ ထယ်ယောင်းကြားသည်။သူ့အသံမှန်းသိလို့ကို တမင်လှည့်မကြည့်တာကို မျက်လုံးရှေ့သို့ရောက်ဖြစ်အောင်ရောက်လာသေးတာ။

"‌ ရှေ့ကနေ ဖယ်ပေးပါလား.."

"ပြန်နှုတ်ဆက်ရင် ဖယ်ပေးမယ်.."

"မင်းနဲ့ငါ ရင်းနှီးလို့လား.."

"အခုကစပြီး ရင်းနှီးအောင်လုပ်လို့ရတယ်လေ....."

"ငါကတော့ မင်းနဲ့ မခင်ချင်ဘူး....အဲ့ဒါကြောင့်မို့  ခနခနငါ့ကို နှောက်ယှက်နေတာတွေ တော်တော့..."

"မတော်ချင်ပါဘူး....ပြီးတော့ ဘာလို့ နှောက်ယှက်နေတယ်ပဲ မြင်တာလဲ..."

ဒီကောင်က ဘာလို့များ ဒီလောက်ထိ ထယ်ယောင်းကိုလိုက်ကပ်တွယ်နေလဲတွေးမရ။
အမြဲတမ်း စိတ်အနှောက်ယှက်ဖြစ်စရာ စကားလုံးတွေပဲရွေးပြောနေတက်လို့ ထယ်ယောင်းမကြိုက်။ဒါ‌ကြောင့် သူနဲ့လည်း မရင်းနှီးချင်။

"မင်းဘာသာ ကြိုက်တာလုပ်....ငါ့ကိုတော့ လာမနှောက်ယှက်နဲ့ ဖယ်ပေး..."

ပြောကာမှ မဖယ်ပေးတဲ့အပြင် ထယ်ယောင်းမျက်နှာကို အနီးကပ်ငုံ့ကြည့်တာမို့ လူက တောင့်ခနဲ။

"မင်း မျက်လုံးတွေက အပြာရောင်ဖြစ်နေတာကလေ မျက်ကပ်မှန်တပ်ထားလို့လား..?အဲ့ဒါတွေက အရမ်းလှတာပဲ"

အလွန်တရာ နီးကပ်လွန်းတာမို့ သူစကားပြောလိုက်တဲ့ လေငွေ့သည်ပင် ထယ်ယောင်းမျက်နှာဆီရိုက်ခတ်နေတာကို ခံစားလို့ရနေ၏။
နောက်ပြီး လေထဲမှာ ပျံ့လွင့်လာတဲ့  ထင်းရှူးအနံ့တစ်ချို့။
တစ်ဆက်တည်းမှာပဲ စန္ဒကူးရနံ့တွေက ထိုအနံ့တွေကို ဖုံးသွားသည်။

"ကျောင်းမှာ Pheromones တွေ မထုတ်ရဘူးဆိုတာ နားမလည်ဘူးလား.."

ဂျောင်ဂုရဲ့အသံနဲ့အတူတူ အနောက်သို့ယိုင်သွားသည့် ချန်းဟို....
ဂျောင်ဂုက ပြောလည်းပြော ချန်းဟိုကိုလည်း တွန်းထုတ်လိုက်တာကြောင့်ပင်။
နောက်ပြီး ထယ်ယောင်းရဲ့ ပုခုံးကို ခပ်ဖွဖွဖက်ကာ..

The Alpha Zone (Completed)Where stories live. Discover now