{3}

7.9K 1.1K 148
                                    

ကျောင်းသွားဖို့အတွက် အားလုံးပြင်ဆင်ပြီးသွားပြီဖြစ်သော ထယ်ယောင်းတစ်ယောက် အောက်ထပ်သို့ဆင်းလာခဲ့သည်။
ထမင်းစားခန်းထဲမရောက်ခင် ကြားနေရသည့် ရယ်သံအချို့ကြောင့် ခြေလှမ်းတွေဟာတုံ့ခနဲ။

"ဒါကြောင့် အန်ကယ်က မင်းကိုအားကိုးနေရတာဂျီဟွမ်ရဲ့....မင်းက Alpha မို့ အလုပ်ထဲမှာရှိန်ကြတော့ တော်ရုံဆို ငါပြန်လှည့်ကြည့်စရာမလိုဘူးပေါ့..."

"အားလုံးက ဦးလေးကျေးဇူးကြောင့်ပါ....ဦးလေးသာ ကျွန်တော့်ကို ခေါ်မလာခဲ့ဘူးဆိုရင် ကျွန်တော် ဒီလိုပညာတွေလည်း တက်မြောက်မှာမဟုတ်သလို အလုပ်အကိုင်လည်း အတည်တကျဖြစ်မှာ မဟုတ်ပါဘူး"

အတော်လေးအဆင်ချောနေသည့် ထိုစကားဝိုင်းထဲသို့ ထယ်ယောင်းဝင်သင့်မဝင်သင့်တွေးတောနေမိသည်။
ကင်မ်ဂျီဟွမ် ဆိုတဲ့သူက အဖေ့ရဲ့  နီးစပ်ရာဆွေမျိုးသားချင်းထဲမှ တစ်ယောက်ဖြစ်ပြီး အဖေ့ရဲ့ ညာလက်ရုံးလို့တောင်ခေါ်လို့ရတဲ့အထိ အလုပ်လုပ်ရာမှာ စေ့စပ်သေချာသည်။
အဖေပြောတာတော့ တူတစ်ယောက်လို့ပြောပေမယ့် တကယ်တမ်းအမျိုးစပ်ရင်တော့ မရင်းပဲနေလို့ရတဲ့ အခြေ‌အနေပါ။

ဒါပေမယ့် အဖေကတော့ ထိုတစ်ယောက်ကို သားအရင်းကျွန်တော့်ထက်တောင် ပိုလို့ တွယ်တာ‌သောကြောင့် ထယ်ယောင်းစိတ်ထဲမှာ အမြဲတမ်းဆူးသေးသေးလေးအဖြစ် ရှိနေခဲ့၏။

"ဟော sweetie လာလေ..."

မေမေက ကျွန်တော့်ကို မြင်သွားပြီမို့ အတွေးတို့ဖြတ်ကာ ထမင်းစားခန်းထဲသို့ လှမ်းဝင်လိုက်ကာ ထမင်းစားပွဲမှာ ဝင်ထိုင်လိုက်၏။

"ထယ်ယောင်း ကျောင်းသွားတော့မလို့လား ကိုကို လိုက်ပို့ပေးမယ်လေ..."

"ရတယ် မလိုဘူး....ကျွန်တော့်ဘာသာ သွားတက်တယ်..."

ထယ်ယောင်းရဲ့ လေသံမာမာကြောင့် အဖေ့ထံမှ ခပ်စူးစူးအကြည့်တစ်ချို့ကို လက်ခံလိုက်ရသည်။

"စကားကို ဘယ်လိုပြောနေတာလဲ မင်း ကိုကိုက လိုက်ပို့ပေးမယ်ပြောနေတာကို.."

"ကျွန်တော်မှ မလိုအပ်လို့ ငြင်းတာပါ...တစ်ယောက်တည်းသွားတာက ပိုအဆင်ပြေပါတယ်"

The Alpha Zone (Completed)Where stories live. Discover now