{ 44 }

5.6K 795 160
                                    

"သူပေါ့...ရုပ်လေးဗန်းပြပြီး မင်းသားလေးကို မြူဆွယ်ထားတာ.."

"ဟုတ်ပါ့...သူ့အဆင့်နဲ့များ မတန်တရာ...သူ့ကိုယ်သူ Alpha လို့ အရှက်မရှိ လိမ်ထားပြီး အခုကျ ကျောင်းကိုဘယ်လိုမျက်နှာနဲ့လာတက်နေတာလဲ မသိဘူး...အံ့ဩစရာ.."

တစ်ဖက်ဝိုင်းက ‌ထိုစကားတွေကို ထယ်ယောင်းကြားပေမယ့် မသိသလိုသာနေနေမိသည်။‌အပြင်ဘက်က ထင်ကြေးအမျိုးမျိုးနဲ့ကောလဟာလစကားတွေငြိမ်သွားချိန်မှာ ထယ်ယောင်း ကျောင်းပြန်တက်ခဲ့သည်။
ဂျောင်ဂုကတော့ မတက်စေချင်ပေမယ့် ကျွန်တော်ကတော့ လက်မခံ။ကျောင်းပြီးဖို့လည်း အချိန်ဘယ်လောက်မှမလိုတော့ဘူးမို့ ထိုစကားတွေကို မသိချင်ယောင်ဆောင်ပြီး နေလိုက်ရင်ရတာပဲလေ။

အလကား ငကြောက်တွေ။
ကျွန်တော့်အနားဂျောင်ဂုရှိရင်တော့ တစ်ခွန်းတောင်မဟရဲကြပေမယ့် ဂျောင်ဂုမရှိရင်တော့ စကားတွေနဲ့ထိုးနှက်နေကြတာ။
ကင်မ်ထယ်ယောင်းကိုများ Omega ဆိုတိုင်း ပျော့ညံ့နေတယ်ထင်ရင် မှားကုန်မှာပေါ့။
အတင်းဖျင်းထိုင်ပြောနေကြတဲ့ မိန်းကလေးတွေကိုလည်း အံ့ဩမိပါရဲ့။
သူတို့ကိုယ်တိုင် Omega ဖြစ်နေပြီး ထယ်ယောင်းကိုတော့ ပုတ်ခတ်ပြောဆိုနေလိုက်ကြတာ။

ဒီနေ့မှ ဂျောင်ဂုတစ်ယောက် နောက်ကျနေတာပဲ။
ကျွန်တော်က အခုဆို Omega အတန်းမှာတက်ရတာဆိုတော့ အခန်းချိန်တွေ မတူတော့ဘူး။နေ့လည်စာစားချိန်မှာပဲ အတူတူဆုံကြတာမို့ ထယ်ယောင်းအတွက် ဒီနေ့လည်စာစားချိန်က ပျော်စရာပါပင်။

"အုပ်စုကွဲနေတဲ့ ပါပီလေးပါလား..."

မိမိရှေ့ ဝင်ထိုင်ရင်း ပြောလာတဲ့သူက ချန်းဟို။အခန်းကွဲသွားလည်း ဒီကောင်က လွတ်ကိုမလွတ်နေ။ဒါပေမယ့် ချန်းဟိုရောက်လာတာနဲ့စောနကတွတ်တိုးနေကြတဲ့ စကားသံတွေဟာလည်း အကုန်တိတ်ဆိတ်ကုန်ကြတာပဲ။

"မင်း သွားရမယ့်လမ်းကိုသာ သွားစမ်းပါ...ငါ့ကို လာရှုပ်မနေနဲ့..."

"မင်းက ငါ့ကိုဆို အကောင်းမမြင်ဘူးနော်...ငါက စေတနာနဲ့တစ်ခုခုပြောပြပေးဖို့လာတာကို.."

"အဲ့ဒါက ဘာဖြစ်ဖြစ် နားမထောင်ချင်ဘူး.."

"ဂျောင်ဂုအကြောင်းဆိုရင်တောင်ပေါ့.."

The Alpha Zone (Completed)Where stories live. Discover now