{ 43 }

5.8K 836 66
                                    

"ဟဲ့ ဒီမှာ ဘာတွေဆူညံနေကြတာလဲ..."

ဂျောင်ဂုရဲ့ အဖွားဖြစ်သူ မီးဖိုချောင်ထဲရောက်လာတော့ စကားတွတ်ထိုးနေကြသည့် အလုပ်သမားကောင်မလေးတွေက တိခနဲငြိမ်ကျသွားကြသည်။

"မနက်စာချက်ဖို့အတွက် ပြင်ဆင်ရင်း အသံနည်းနည်းကျယ်သွားမိတာပါ....သခင်မကြီး.."

"ညည်းတို့လည်း ပြောလိုက်ရင် ဆင်ခြေတွေချည်းပဲ...ဒါနဲ့ နေပါဦး...ဟိုကောင်လေးရော....သူက ဘာလို့ မီးဖိုချောင်ထဲရှိမနေတာလဲ..?"

ဂျောင်ဂုအဖွားရဲ့အမေးကို ဘယ်သူကမှ ရေရေရာရာအဖြေမပေးနိုင်ခဲ့။

"ငါမေးနေတာ ဖြေကြလေ....ဟိုကောင်လေးဘယ်မှာလဲလို့..."

"သခင်လေးကင်မ်က အခုထိ မနိုးသေးပါဘူး...သခင်မကြီး...."

"ဒါဆို အခုချက်ချင်း သွားခေါ်လာခဲ့....တော်ဝင်စံအိမ်ရဲ့ မိသားစုဝင်ဖြစ်လာပြီမို့ သူသိသင့်သိထိုက်တဲ့ မီးဖိုချောင်ကိစ္စတွေကို ပြောပြပေးရမယ်...သွား...အခုသွားခေါ်လာခဲ့..."

သူမစကားအဆုံး အိမ်အကူကောင်မလေးကပြေးထွက်လို့သွားသည်။
ခနအကြာ ထိုမိန်းကလေးနဲ့အတူ ကင်မ်ထယ်ယောင်းဆိုသည့် ကောင်လေးပါလာသည်။
တစ်ချက်အကဲခတ်မိတော့ ယောင်္ကျားလေးဆိုပေမယ့် ချစ်စဖွယ်မျက်နှာလေးရှိပြီး ရွှေအိုရောင် ဆံပင်ခပ်ဝဲဝဲလေးနဲ့မို့ အရုပ်ကလေးနှယ်ပါ။
ခပ်ငယ်ငယ်တုန်းက တစ်ခေါက်မြင်ဖူးတာကြာနေပြီဆိုပေမယ့် ဒီကလေးက ငယ်ရုပ်တော့ ပျောက်မသွား။
သူ့မြေး ဂျောင်ဂု သဘောကျလည်းကျချင်စရာ။အဝတ်အစားကြောင့်သာမဟုတ်ရင် မိန်းကလေးလို့ပဲ အရင်ထင်ရလောက်တဲ့အထိ မျက်နှာကလေးက နုဖတ်နေတာလေ။

သူမအတွက်တော့ ယောင်္ကျားလေးဖြစ်ဖြစ်၊မိန်းကလေးဖြစ်ဖြစ် တော်ဝင်စံအိမ်မှ ဓလေ့တွေကို သင်ပေးရမယ့် တာဝန်ရှိတာမို့ ခေါ်ခိုင်းလိုက်ခြင်းသာ။

"ကျွန်တော် ရောက်ပါပြီ.."

"အေး...ကလေးရေ မင်း အိပ်နေတုန်း နှိုးလိုက်ရလို့အားနာပေမယ့် မင်းက အခု ဒီတော်ဝင်စံအိမ်က ကြင်ယာတော်အဖြစ်ချွေးမနေရာကို ရောက်လာတာမို့ မီးဖိုချောင်ကိစ္စ တွေလည်း မင်းသိသင့်တယ်ထင်လို့ သင်ပေးမလို့ ခေါ်လိုက်တာ.."

The Alpha Zone (Completed)Where stories live. Discover now