{29}

7K 981 446
                                    

ကျောင်းသားတွေရဲ့ အာရုံအားလုံးက‌ ဂျောင်ဂုနဲ့ယွန်းဆောဆီမှာ...
ဖုန်းတွေထောင်ရင်း သူတို့အတွက် သတင်းထူးတစ်ပုဒ်ကို လက်လွှတ်မခံနိုင်သည့်အလား သတိနဲ့စောင့်ကြည့်လို့နေသည်။
ထယ်‌ယောင်း သူ့ကို ငဲ့ကြည့်မိတော့  ခေါင်းထဲဘာမှမတွေးနိုင်တော့သလို ရှုပ်ထွေးနေသည့် မျက်နှာအမူယာဖြင့် ရှိနေသည်။
ဒီအခြေအနေပေါ် ဘယ်လိုဆက်လုပ်ရမလဲ သူတွေဝေနေမှာပေါ့။

ထယ်ယောင်း အခု စဉ်းစားမိတာ တစ်ခုတည်း။
ဂျောင်ဂုကို ဒီဘေးကျပ်နံကျပ် အခြေနေကနေ ဆွဲထုတ်ရမည်ဟု တွေးကာ သူ့လက်ကိုလှမ်းဆွဲလိုက်သည့်အချိန် မထင်မှတ်ပဲ ဂျောင်ဂုက ယွန်းဆောရဲ့လက်ကို ဆွဲကာထွက်သွားလေ၏။
စောင့်ကြည့်နေကြသည့် ကျောင်းသားအားလုံးထံမှ wow!!!ဆိုသည့် အသံက တစ်ညီတစ်ညာတည်းထွက်လာကာ အနည်းငယ်ဆူညံလို့ သွားသည်။

ထယ်ယောင်းမှာ ဂျောင်ဂုလက်ကို လှမ်းမကိုင်နိုင်ခဲ့ပဲ လေဟာနယ်ထဲ ရှိနေသည့် ကိုယ့်လက်ကို ပြန်ရုပ်သိမ်းလိုက်ရ၏။
ဒီအနီးအနား တစ်ဝိုက်မှာ ဝေ့ဝဲကာ ကျန်နေခဲ့သော စန္ဒကူး ရနံ့တွေကြောငါ့ ဂျောင်ဂု ဒေါသထွက်နေတာကို ခံစားလို့ရသည်။
ကျောပြင်နှစ်ခုပျောက်ကွယ်သွားတဲ့အထိ လိုက်ကြည့်နေရင်း သိပ်အများကြီး ပြဿနာမဖြစ်ဖို့ပဲ စိတ်ထဲကနေ ဆုတောင်းမိတော့၏။

"ဂျောင်ဂုက ဒါကို လက်ခံမယ်လို့ ငါမထင်ဘူး ဂျီအွန်း.."

"ငါလည်း မထင်ပါဘူး...ဒါပေမယ့် သတင်းတောင်တက်လာပုံထောက်ရင် ဒီကိစ္စက အတည်ထင်တယ်.."

ဟန်ဘင်းနဲ့ဂျီအွန်းတို့ပြောနေတာကိုကြား နေရသည့် ထယ်ယောင်းရင်ထဲမှာ စိတ်လှုပ်ရှားနေရ၏။
ထိုစဉ် နံဘေးမှာ ရပ်နေသည့် ကျောင်းသူအချို့ထံမှလည်း...

"မင်းသားလေးနဲ့အဲ့တစ်ယောက်က ငယ်သူငယ်ချင်းတွေဆို....ပြီးတော့ နှစ်ဖက်လုံးကအသိုင်းဝိုင်းတောင့်တော့ မင်္ဂလာပွဲကလည်း ဒိတ်ဒိတ်ကြဲဖြစ်နေမှာပဲ...."

"ဟုတ်ပါ့ဟယ်....မင်းသားလေးရဲ့ ကြင်ယာတော် ဖြစ်ခွင့်ရတဲ့ အဲ့ဒီကောင်မလေးကို အားကျလိုက်တာ....မင်းသားလေးကလည်း ပြောစရာမရှိအောင် ချော..."

The Alpha Zone (Completed)Where stories live. Discover now