{6}

7.2K 1.1K 160
                                    

"ဒီနှစ် ငါတို့ရဲ့ ကျောင်းသားရေးရာအတွက် အဖွဲ့ဝင်တစ်ယောက်လိုသေး‌တယ်နော်..."

ထမင်းစားနေကြရင်း ဂျီအွန်းက စကားစလာသည်မို့ ကျန်နှစ်ယောက်ဟာလည်း အာရုံစိုက်၍ နားထောင်လိုက်ကြ၏။
ဂျီအွန်းပြောသလို ကျောင်းသားရေးရာမှာ အဖွဲ့ဝင်အသစ်တစ်ယောက်လိုနေတာဟုတ်သည်။မနှစ်တုန်းကပါတဲ့ စီနီယာတစ်ယောက်က နိုင်ငံခြားထွက်သွားခဲ့တာမို့ ဒီနှစ်တော့လူလိုနေ၏။

"ငါတို့ အသင်းထဲကို ဘယ်သူမှဝင်ချင်မယ်မထင်ဘူး.."

ဟန်ဘင်းရဲ့ တွေးဆဆပြောလာတဲ့စကားကို ဂျီအွန်းက မျက်ခုံးပင့်ကြည့်ပြီး..

"ဘာဖြစ်လို့လဲကွ.."

"အလိုလိုနေရင်း ရှိန်နေကြတာလေ အထူးသဖြင့် ဒီကောင့်ကို.."

အေးဆေးထမင်းစားနေတဲ့ ကိုယ့်ကို ဟန်ဘင်းက မေးငေါ့ပြလာသည်မို့ ဂျောင်ဂုမှာ မျက်မှောင်ကျုံ့လိုက်မိရင်းကနေ..

"ငါနဲ့ ဘာဆိုင်လို့လဲ.."

"ဆိုင်တာပေါ့ တော်ဝင်စံအိမ်က မင်းသားလေးရဲ့ အရှိန်အဝါကြီးက အလိုလိုနေရင်း တောက်ပနေတာ ဘယ်လိုသာမာန်လူက ဝင်ရောရဲမှာလဲ.."

ဟန်ဘင်းက ဟန်နဲ့ပန်နဲ့ကို သရုပ်ပြကာပြောနေသည်မို့ ဂျီအွန်းက သဘောတကျရယ်နေသည်။

"ငါနေတက်သလို နေတာပဲလေ....ငါက သူတို့ကြောက်ပါစေဆိုပြီး လုပ်ယူထားတာလည်း မဟုတ်.."

"ဒါပေမယ့်လည်း မင်းက တော်ဝင်သွေးပါတဲ့ Donimant Alpha လေကွာ....အဲ့တော့ ရှိန်ကြတာပေါ့.."

"အဲ့လိုဆိုတိုင်း ငါက ကြောက်စရာဖြစ်ရောလား?"

"အေးပါ....ကြောက်စရာမကောင်းပါဘူး ဟုတ်ပြီလား....လက်ထဲက ဒိန်ချဉ်ဘူး မင်းမကြိုက်ရင် ငါ့ကို တိုက်.."

"မတိုက်ဘူး ဟေ့ကောင်...မင်းလည်း တစ်ဘူးရတာပဲ.."

စကားနိုင်လုရင်းက‌နေ ဒိန်ချဉ်ဘူးလုနေကြတဲ့ ဟန်ဘင်းနဲ့ဂျောင်ဂုကြောင့် ဂျီအွန်းမှာ ရယ်ရတာအတောမသတ်နိုင်တော့ဘူး။ဂျောင်ဂုက ကျောင်းကန်တင်းမ်ကရတဲ့ ဒိန်ချဉ်ဘူးသေးလေးတွေကို မကြိုက်တာမို့ ကျွန်တော်တို့နှစ်ယောက်ကို အမြဲတိုက်လေ့ရှိသည်။ဟန်ဘင်းကတော့ အရမ်းကြိုက်တာမို့ သူကအများဆုံးသောက်ရတာဖြစ်သည်။
ထိုသို့ သဘောတကျရယ်နေရင်းကနေ ခပ်လှမ်းလှမ်းကစားပွဲ၌ တစ်ယောက်တည်းထမင်းထိုင်စားနေသော ကင်မ်ထယ်ယောင်းကို တွေ့လိုက်ရ၏။

The Alpha Zone (Completed)Where stories live. Discover now