{7}

7.3K 1.1K 113
                                    

လေးလံနေတဲ့ မျက်ခွံတွေကို အားယူကာဖွင့်ကြည့်မိတော့ ပထမဆုံး မြင်ရသည်က အလင်းစူးစူး။
အလင်းရောင်ကိုကျင့်သားရအောင်ခနပြန်မှိတ်လိုက်ပြီးမှ ပြန်ဖွင့်လိုက်ရင်း ဘယ်ရောက်နေလဲ အကဲခတ်ရတော့၏။
လှဲနေရာကနေ ထထိုင်လိုက်တော့ ခြေထောက်ဆီမှ နာကျင်မှုက ဆစ်ခနဲ...

"နိုးလာပြီလား....ခြေထောက်ကို အရမ်း အားမပြုနဲ့ဦး....မင်းရဲ့ခြေထောက်ပြန်ယောင်နေတာမို့"

စကားပြောရင်း မိမိနားလျှောက်လာသည်က ကျောင်းဆေးခန်းမှ ဆရာဝန်အစ်ကို ဝူထယ်ဂျွန်း ဖြစ်၏။
သူက  Beta တစ်ယောက်ဖြစ်ပြီး ဒီကျောင်းရဲ့ ပင်တိုင်ဆရာဝန်တစ်ယောက်လည်းဖြစ်တယ်။အနက်ရောင်ဘောင်ခတ်ထားသည့် လေးထောင့်မျက်မှန်ကို တပ်ဆင်ထားသည့် ပုံစံကသူ၏အချိုးစားညီသော မျက်နှာနဲ့လိုက်ဖက်လို့နေသည်။

"ငါတို့ ထပ်တွေ့ပြန်ပြီနော်...ရော့ ရေနွေးနွေးလေးသောက်လိုက်ဦး.....တစ်နေရာရာက အဆင်မပြေတာရှ်ိလား.."

ထိုအစ်ကိုလှမ်းပေးသည့် ရေကိုအရင်ဆုံးသောက်လိုက်ပြီးမှ ထယ်ယောင်း ယဉ်ကျေးစွာပင် ပြန်ဖြေလိုက်၏။

"ဟင့်အင်း မရှိပါဘူး..အစ်ကို"

"ဒီတစ်ခေါက်ရော မင်း ဘာဖြစ်လာတာလဲ...."

"ကျွန်တော် ဒီကို ဘယ်လိုရောက်လာတာလဲ?"

အမေးကို အမေးနဲ့ပြန်ပိတ်သည့် ထိုကောင်လေးကြောင့် ထယ်ဂျွန်းရဲ့မျက်ခုံးတို့ပင့်တက်သွားရသည်။

"မင်းကို မင်းသူငယ်ချင်းခေါ်လာတာ...သူက အတန်းချိန်ရှိလို့ အရင် ပြန်ခိုင်းလိုက်တယ်....မင်းသိချင်တာဖြေပြီးပြီဆိုတော့ ဒီတစ်ခါ ကိုယ်မေးတာဖြေ....မင်း ရန်ဖြစ်ခဲ့တာလား?"

"ဟုတ်တယ်....သူတို့က Omega တစ်ယောက်ကို အနိုင်ကျင့်နေလို့ ဝင်တားရင်း ဖြစ်ခဲ့တာ.."

"အံ့ဩစရာပဲ....Omega တစ်ယောက်က Omega ကိုကယ်ဖို့ Alpha တွေနဲ့ရန်ဖြစ်ခဲ့တယ်ဆိုတာက.."

ထယ်ယောင်းရဲ့မျက်လုံးပြာလေးတွေ ဝိုင်းစက်ကုန်သည်။ထိုဆရာဝန်အစ်ကိုကတော့ သူ့ကို မမှိတ်မသုန်စိုက်ကြည့်ရင်း သူဖြေမယ့်အဖြေကို စောင့်နေသလိုရှိ၏။

The Alpha Zone (Completed)Where stories live. Discover now