{32}

6.6K 888 222
                                    

"ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..."

ဂျီဟွမ်ရဲ့ကားပေါ်ပါလာသော မိန်းမလှလေးက သူမသွားမည့်နေရာသို့ရောက်ပြီမို့ ကျေးဇူးတင်စကားဆိုလာ၏။
သို့သော် ဒါနဲ့တင်မပြီးသေး။လက်ကိုင်အိတ်ထဲမှ ပိုက်ဆံအချို့ကိုထုတ်ကာ ကမ်းပေးလာသည်မှာ တင်တင်စီးစီး။

"ဘယ်လိုမှ သဘောမထားပါနဲ့...ဒါက ကားခပါ..."

ဝမ်ငါးထောင်တန်အထပ်လိုက်ကို ကားခအဖြစ် ပေးနေတဲ့ ထိုမိန်းမလှလေးက နားလည်ရခက်လှ၏။

"မင်းရဲ့ ပိုက်ဆံတွေပြန်သိမ်းထားလိုက်ပါ....ကိုယ်က သဘောရိုးနဲ့ကူညီတာ..."

သူမက နှုတ်ခမ်းတွေ တွန့်ချိုးကာပြုံးတော့ လှစ်ခနဲပေါ်လာသည့် ပါးချိုင့်ခွက်ခွက်တွေက ချစ်စဖွယ်။

"ဒီလိုဆိုလည်း  ကျေးဇူးတင်ပါတယ်ရှင်....နောက်တစ်ခါအပြင်မှာ ကျွန်မကိုတွေ့ရင်ခေါ်ပေါ့.....ကျေးဇူးပြန်ဆပ်ပါ့မယ်..."

ငယ်ရွယ်တဲ့ ကောင်မလေးပီပီ အသံလေးကအစ ခပ်ရွှင်ရွှင်။ပြောပြီးတာနဲ့အိတ်ကိုလွယ်ပြီး ကားပေါ်ကကျော့ကျော့လေးဆင်းသွားတဲ့သူမ။
ကားထဲမှာတော့ လာဗင်ဒါရနံ့အချို့က ခပ်သင်းသင်း ကျန်နေခဲ့သည်။
သူမရဲ့ပုံစံကိုက နူးညံ့တဲ့ Omega မှန်းမေးစရာမလိုအောင်သိသာနေတာ။
အဖော်လည်းမပါပဲလျှောက်သွားနေရင် အန္တရာယ်များလွန်းလှ၏။

"ဟေ့..."

ဂျီဟွမ် ခေါ်လိုက်တော့ သူမက ပြန်လှည့်ကြည့်လိုက်တာမို့ဆံနွယ်တွေကလေထဲမှာဝဲခနဲ။
သူမရုပ်ရည်နဲ့ပုံစံကို ကြည့်တည်းက အထက်တန်းလွှာပုံစံမှန်းတန်းသိရ၏။
ငဲ့စောင်းလို့ ကြည့်နေပုံက Alpha တိုင်းကြွေပစ်ချင်စရာပါပဲ။

"တစ်ခုခုပြောစရာများ ကျန်သေးလို့လားရှင့်.."

"အပြန်ကျ မင်းတစ်ယောက်တည်းဆိုတော့ ဂရုစိုက်ပါလို့ မှာချင်လို့ပါ...သိတယ်မဟုတ်လား....အခုခေတ်က အန္တရယ်များတယ်လေ...အထူးသဖြင့် မင်းလို Omega အလှလေးဆို ပိုလို့တောင်အန္တရာယ်များတယ်..."

ခပ်ချောချော Alpha ထံကနေ စိတ်ပူပေးခံလိုက်ရတော့ ဟယ်ရင်းမှာ ရှက်ကိုးရှက်ကန်းဖြစ်သွားရ၏။
ဒါပေမယ့်လည်း မူမပျက်ပြုံးပြလိုက်ပြီး...

The Alpha Zone (Completed)Where stories live. Discover now