{36}

6.8K 923 204
                                    

"မင်း ဘယ်တော့ အိမ်ထောင်ပြုဖို့ စဉ်းစားထားလဲ သား.."

စာရင်းစာရွက်တွေအထပ်လိုက်အား ကြည့်ရှုစစ်ဆေးနေရသည့် ဂျောင်ဂုအတွက် ဒီမေးခွန်းဟာ အလွန်တရာမှ စိတ်ရှုပ်စရာကောင်းတယ်။
တစ်နှစ်ပြီးတစ်နှစ်အချိန်တွေပြောင်းသွားလည်း အဖေ့ထံမှ အစဉ်လာမပြတ်ကြားနေရတဲ့ ထိုစကားစုက ခေတ်ဟောင်းသီချင်းတစ်ပုဒ်လိုမျိုး ငြီးငွေ့စရာကောင်းလွန်းလှ၏။

အိမ်ထောင်ပြုဖို့တဲ့လား။
စက်ရုပ်နဲ့မခြားသွားလာလှုပ်ရှားနေရတဲ့ နေ့စဉ်တာဝန်တွေနဲ့တောင် အတော်ခေါင်းရှုပ်စရာကောင်းလှပြီကို...

"ကျွန်တော့်အတွက် အချိန်လိုပါသေးတယ်...ဘာမှလည်း ထပ်ပြီး မစဉ်းစားချင်တော့ပါဘူး..."

"မင်း ဒီစကားကို ပြောလာတာ ငါးနှစ်ရှိပြီလေ.....လွန်ခဲ့တဲ့ ငါးနှစ်လုံးလုံး အလုပ်ကိုပဲ အာရုံစိုက်နေတာက ကောင်းတော့ကောင်းပေမယ့် မင်းဘေးမှာ အဖော်ကောင်းတစ်ယောက်လောက်ရှိသင့်တယ်လို့ ထင်တယ်..."

"ကျွန်တော်ဘာလို့ ဒီလိုနေနေရလဲဆိုတာကို ထပ်ပြီးပြောရဦးမှာလား ဖေဖေ.... ငါးနှစ်မကလို့ နှစ်ပေါင်း ငါးရာဆိုရင်တောင် ကျွန်တော်လက်တွဲချင်တဲ့ Omega က သူတစ်ယောက်တည်းပါပဲ...ကျွန်တော့် ကြင်ယာတော်က သူတစ်ယောက်တည်းရှိပါတယ်"

ဟိုးအရင်ချိန်ကထက် ပိုပြီး ရင့်ကျက်လာတဲ့ သားဖြစ်သူက အသက်အရွယ်အပိုင်းမှာရော၊အရည်အချင်းအပိုင်းမှာပါ ပြောင်းလဲကာ ပြီးပြည့်စုံတဲ့ တော်ဝင်စံအိမ်မှ မင်းသားဖြစ်လာခဲ့သည်။
သူ့အတွက် မပြောင်းလဲခဲ့တာဆိုလို့ သူ့ရဲ့ အချစ်ဦးကို ဒီနေ့ထိမမေ့နိုင်ခဲ့တာတစ်ခုပဲရှိတယ်။
သား‌တော်မောင်ကိုကြည့်ရင်း မိမိက သက်ပြင်းသာချမိသည်။
မိမိတို့ကငယ်တော့တဲ့ အရွယ်တွေမဟုတ်။သားသမီး‌တွေ အချိန်တန်အရွယ်ရောက်လို့ အခြေတကျဖြစ်ပြီးတဲ့အခါ မွေးလာတဲ့ကလေးတွေကို ထိန်းချင်ပေမယ့် ဒီသားတစ်ယောက်က အခုထိ အိမ်ထောင်ပြုဖို့ စိတ်ကူးရှိမနေသေး။

"ဖေဖေတို့ကိုလည်း ငဲ့ကြည့်ပါဦး သား....ဖေဖေတို့က အခုဆို ဇရာ ထောက်လာပြီ...အပြင်မှာလည်း မင်းရဲ့ မင်္ဂလာသတင်းကိုမျှော်နေကြတာ...အထူးသဖြင့် အဖေကတော့ ဒီမျိုးဆက်မပြတ်အောင်လို့ သင့်တော်တဲ့ သူတစ်ယောက်ယောက်နဲ့မင်းကို လက်ထပ်စေချင်တယ်...ပြန်လာဖို့ မသေချာတဲ့သူကို ဘာလို့စောင့်နေဦးမှာလဲ..."

The Alpha Zone (Completed)Where stories live. Discover now