အပိုင်း-၇ (Unicode)

10.3K 1.2K 134
                                    


ရှေ့ဆုံးတန်းရဲ့ ဘယ်ဘက်ထောင့်ဆုံးခုံဟာ လစ်လပ်နေလေသည်။ ပြီးတော့ နောက်ဆုံးတန်းရဲ့ အလယ်ခုံ။ မင်းဉာဏ်တစ်ချက်ဝေ့ကြည့်လိုက်ရင်းနဲ့ မေးလိုက်မိသည်။

"မင်းမင်းကျော်နဲ့ ဝေလွှမ်းက ဘာဖြစ်လို့မလာတာလဲ။"

"မင်းမင်းကျော်က မနေ့က သံပြားရှထားတယ်။ ဝေလွှမ်းကအားနည်းပြီး မူးလဲလို့ မလာနိုင်သေးဘူး။ဆရာ။"

အင်္ဂလိပ်စာဖတ်စာအုပ်ကို လှန်နေတဲ့ မင်းဉာဏ်ရဲ့လက်တို့က ရပ်တန့်သွားလေသည်။ ဝေမူးလဲတယ်ဆိုတော့ စိုးရိမ်စိ်တ်ကကဲလာသည်။ သို့ပေမယ့် စိတ်ကို အတတ်နိုင်ဆုံး ငြိမ်အောင် ထိန်းရန်မှအပ ဘာမှ မတတ်နိုင်။ အတန်းချိန်ပြီးလို့ သွားကြည့်ချင်ပေမယ့် ထိုအချိန်ဆို ညနက်နေပြီမဟုတ်ပါလား။ သက်ပြင်းတစ်ခုကို ခပ်ဖွဖွသာချလိုက်မိလေသည်။

"ကဲ..ဒီနေ့မေးခွန်းဟောင်းတွေလုပ်မယ်။ Read the passage တွေလုပ်မယ်။"

မင်းဉာဏ်ပြောလိုက်သည်နှင့် အတန်းထဲက ကျောင်းသားတိုင်းသည် စာအုပ်တွေကို ကိုယ်စီလှန်လိုက်ကြလေသည်။ Read the passage က ကျောင်းသားတွေ သူတို့ဟာသူတို့ စဉ်းစားပြီး ဖြေရတဲ့ဟာမျိုးမို့ မင်းဉာဏ်က ဘေးနားကနေ လိုက်ပြီး ကြည့်ပေးကာ သူတို့မသိတာတွေ ရှင်းပြပေးရုံပင်။ မင်းဉာဏ် အတန်းထဲမှာ လှည့်ကြည့်နေရင်း ရှေ့ဆုံးတန်းက ယုန်လုံးဆီ အကြည့်ရောက်မိသည်။ သာမန် ထက်ပိုပြီးရှေ့ကို ကုန်းထားတဲ့ ယူန်လုံးကြောင့် မင်းဉာဏ်မသင်္ကာဖြစ်သွားသည်။

အမယ်။ သူက မင်းဉာဏ်အနားကပ်လာတာနှင့် ပုံမှန်အတိုင်း ခါးကိုပြန်မတ်သည်။ မင်းဉာဏ် မသိမသာ အနောက်တန်းကိုသာ ပြန်သွားလိုက်လေသည်။

ခုချိန်မှာနောက်စေ့မှာ မျက်လုံးပေါက်နေလျှင် ကောင်းမည်ဟု ထက်မာန်ဦးတွေးလိုက်မိသည်။ အခုတော့ လည်ပင်းကျိုးမတတ် စောင်းပြီး ကိုမင်းဉာဏ်ရဲ့အရိပ်အခြေကိုအကဲခတ်နေရသည်။ ထက်မာန်ဦးကြည့်လိုက်တော့ နောက်တန်းမှာဘဲ ရစ်သီရစ်သီလုပ်နေတဲ့ ကိုမင်းဉာဏ်။

ထက်မာန်ဦး ရှေ့ကိုချက်ချင်း ပြန်ခေါင်းငုံ့ချလိုက်ပြီး အင်္ဂလိပ်စာမေးခွန်းဟောင်းစာအုပ်တွေအောက်က စာအုပ်ကိုဆွဲထုတ်လိုက်လေသည်။ ထိုစာအုပ်ပေါ်ကို ဘောပင်ထောက်ချလိုက်ပြီး စာတစ်ကြောင်းပင် မပြည့်တတ်သေး။

AFFECTION-နှောင်ကြိုး(နှောင်ကြိုး)Where stories live. Discover now