အပိုင်း-၂၉ (Unicode)

8K 980 166
                                    


အိပ်ခန်းထဲမှ ခြံထဲသို့ရောက်သည့်တိုင် ထက်မာန်ဦး ကျီးကန်းတောင်းမှောက် မျက်လုံးတွေနဲ့ ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်နေမိသည်။

"သားငယ်။ ကားပေါ်တက်လေ။"

အန်တီချောထံမှ သတိပေးစကားကြောင့်သာ ကားပေါ်သို့တက်လိုက်ရသည်။ ကားပေါ်တွင်လည်း အခန့်သားထိုင်နှင့်ပြီးသော မေလွှမ်းကိုသာ တွေ့လိုက်ရလေသည်မို့ ထက်မာန်ဦး စိတ်ထဲ မကြည်မလင်ဖြစ်သွားသည်။

အန်တီချောကတော့ ကားခေါင်းခန်းပေါ်တက်သွားတာမို့ မေလွှမ်းဘေးတွင်ရှိသော နေရာကွက်လပ်က ထက်မာန်ဦးအတွက် ဖြစ်သည်ဟု အလိုအလျောက် နားလည်သဘောပေါက်လိုက်မိသည်။ ထိုနေရာမှာပင် ဝင်ထိုင်လိုက်တော့ မေလွှမ်းဆီမှ ခပ်အီအီအလှဆီအနံ့တစ်ခုက ထက်မာန်ဦးကိုယ်ကိုပင် စွဲကပ်လိုက်သလားမှတ်ရသည်။

"ကိုတိုးရေ။ ဘုရားကြီးကိုမောင်း။"

အန်တီချောထံမှ ဒရိုင်ဘာကို လှမ်းပြောအပြီး ကားလည်း ဝူးခနဲ ထွက်မည်ဟန်ပြင်သည့်နောက် ထက်မာန်ဦး မနေနိုင်တော့ဘဲ မေးလိုက်မိတော့သည်။

"လွှမ်းရော..။အန်တီချော။"

အန်တီချောရဲ့နောက်တွဲဆံထုံးတွင် ပန်ထားသော ငွေရောင်ကလစ်ကလေး ဆတ်ခနဲလူပ်ခါသွားလေပုံအရ အန်တီချော အနည်းငယ် လူပ်လူပ်ရှားရှားဖြစ်သွားမှန်း သိလိုက်ရလေသည်။ မေးလိုက်မိတာကိုတော့ မှားသည်ဟု ထက်မာန်ဦးမထင်။ မနေ့က ၀ါးဖောဆိုတဲ့ ကလေးမလေး ထက်မာန်ဦးကို မနတ်ဖြန်မဟာမြတ်မုနိဘုရားကို သွားမည်ဟု လာပြောတုန်းက ကိုလေးဆိုတဲ့ နာမည်ကိုပါ ကျိန်းသေပေါက်ကြားလိုက်ရတာကို..။

"ဟင်း..မနေ့ညကဆူခံ.."

ဘေးက မေလွှမ်းဆီက အသံထွက်လာသည်မို့ ထက်မာန်ဦး မေလွှမ်းကို လှည့်ကြည့်သည့်အချိန်မှာပင် အန်တီချောက မေလွှမ်းစကားကို လှမ်းဟန့်လိုက်လေသည်။

"မမလေး!"

အန်တီချောကို ထက်မာန်ဦး တဖန်ပြန်လှည့်ကြည့်မိသည်။ အန်တီချောသည် ခေါင်းကိုအသာငဲ့ပြီး မေလွှမ်းကို ကြည့်နေတာကိုမြင်လိုက်ရသည်။ အမြဲနီးပါး ပြုံးရွှင်နေတဲ့ အန်တီချောမျက်နှာက အနည်းငယ် တင်းနေသည်ဟု တွေးလိုက်မိသည်။

AFFECTION-နှောင်ကြိုး(နှောင်ကြိုး)Where stories live. Discover now