အပိုင်း-၄၄ (Unicode)

6.9K 998 203
                                    

"အဟွတ်..အဟွတ်..။"

အသက်ရှုလမ်းကြောင်းထဲကို အလုံးအရင်း ဝင်လာတဲ့ မီးခိုးငွေ့တွေကြောင့် ထိုအခိုးအငွေ့တို့ကို ပြန်ကန်ထုတ်ရင်း ဝေလွှမ်း သတိရလာရသည်။ ယမ်းခိုးတွေ ဝေနေတဲ့ ပတ်ဝန်းကျင်ကြောင့် ဘေးဘီဝဲယာကို သဲသဲကွဲကွဲ မမြင်ရဘဲ အုံ့မိူင်းလို့နေလေသည်။ သတိရလာသည်နှင့် ဘယ်ဘက်လက်မောင်းရင်းဆီမှ ဆစ်ခနဲ နာကျင်ခံစားလို်က်ရသည်။ လက်နှင့် စမ်းလိုက်မိတော့ လက်ဖဝါးပေါ် စွန်းထင်းပါလာသည့် အရာသည် အနီရောင်ပြစ်ပြစ်တွေ..။

ကျည်ဆန်ရှပ်မှန်တာ ဖြစ်ရမည်ဟု တွေးလိုက်မိရင်း ဝေလွှမ်း လဲကျနေရာမှ ထဖို့ ကြိုးစားနေမိချိန်မှာပင် ပတ်လည်ဝန်းရံနေတဲ့ အခိုးအငွေ့တွေက တစထက် တစထက် ပါးလို့လာလေသည်။ ကွဲကြေအက်ကွဲသွားသော မီးခိုးငွေ့ အလုံးအရင်းတို့ အလယ်မှာ တွေ့လိုက်ရတာက လဲကျနေသော စစ်သားတစ်ယောက်..။ ထိုမျက်နှာကို ဝေလွှမ်း ရင်းရင်းနှီးနှီးမြင်ဖူးလို့နေသည်။ သေချာဆက်စပ်တွေးလိုက်တော့ တပ်ပြန်ဆုတ်ဖို့ ပြင်လိုက်သည့်အချိန်တွင် ဝေလွှမ်းတို့ကို တောင်းပန်တိုးလျိုးတဲ့ မျက်ဝန်းတွေနှင့် ငေးကြည့်နေခဲ့တဲ့ တစ်ယောက်။

"ဟေ့.။ရဲဘော်။ထ။ထ။"

မှတ်မိသွားတာနှင့် ဝေလွှမ်းကုန်းရုန်းထကာ အပြေးအလွှားသွားလိုက်မိသည်။ လက်မောင်းက ဒဏ်ရာကိုပင် မေ့လျော့သွားပြီး လုံးဝကိုထမရဖြစ်နေသည့် အခြေအနေမှ စိတ်က တွန်းကန်သည့်အားကြောင့် ထိုရဲဘော်နားကို ရောက်သွားလေတော့သည်။

"တပ်ကပြန်ဆုတ်ခိုင်းနေပြီ။ ထတော့!"

ဝေလွှမ်းအတင်းကာရော လူပ်နိုးလိုက်သော်လည်း ထိုရဲဘော်လေးသည် သတိရမလာ။ လည်ပင်းကို စမ်းမိတော့ လည်ပင်းက သွေးကြောတွေက တဒိတ်ဒိတ်ခုန်နေဆဲ။ သို့သော် သွေးခုန်နူန်းက ငြိမ်ပြီး ကြာလွန်းသည်။

"သတိရစမ်းပါကွာ။"

သွေးများလွန်သွားလေသလားမသိ။ ဝေလွှမ်း စိုးရိမ်လာမိသည်။ သူ့ခြေထောက်က ဒဏ်ရာရနေသည်ကို သတိထားလိုက်မိတော့ ကျောမှာ လွယ်ထားတဲ့ ကျောပိုးအိတ်ကို ဖြုတ်ချလိုက်သည်။

AFFECTION-နှောင်ကြိုး(နှောင်ကြိုး)Where stories live. Discover now