အပိုင်း-၁၇ (Unicode)

8.9K 1K 100
                                    

"ဟိုအိမ်က လူသစ်တွေထပ်ပြောင်းလာပြန်ပြီထင်တယ်။"

မနတ်စောစောစီးစီး ပြတင်းပေါက်ကနေ လှမ်းကြည့်ရင်း ထက်မာန်ဦး လွှမ်းကို လှမ်းပြောလိုက်တော့ လွှမ်းကလည်း လှမ်းကြည့်လေသည်။ ထက်မာန်ဦးတို့ ခြံရဲ့မျက်စောင်းထိုးနားလောက်မှာ ရှိနေတဲ့ အိမ်ပုလေးရှေ့ Light truck ကားတစ်စီးက ရပ်ထားလျက်ရှိသည်။ သို့သော် အိမ်ထောင် ပရိဘောဂများများစားစားကို မတွေ့ရ။ အိမ်ထဲကိုဘဲ သွင်းထဲ ပြီးသလားတော့ ထက်မာန်ဦးမသိ။

"အဲ့တာ မင်းငယ်ငယ်က နေခဲ့တဲ့ အိမ်လေ။ မှတ်မိတယ်မဟုတ်လား။"

ထက်မာန်ဦးကတော့ လွှမ်းကို မှတ်မိလို မှတ်မိညား အားတက်သရော ပြောသည်။ လွှမ်းဖေဖေ ရန်ကုန်မှာ တာဝန်ကျတုန်းက လွှမ်းမေမေက လွှမ်းဖေဖေနှင့် တပ်ထဲမှာ လိုက်မနေဘဲ အဲ့အိမ်လေးမှာ သူ့မိဘတွေနှင့် တူတူနေသည်။

နောက်ပိုင်းကျတော့ လွှမ်းတို့ မန္တလေးပြောင်းသွားသလို လွှမ်းမေမေဘက်က အဘွားတွေကလည်း ထိုအိမ်ကလေးကို အပြီးရောင်းလိုက်တော့သည်။ အဲ့နောက်ပိုင်းထိုအိမ်တွင် လူမမြဲတော့။ ငှားလိုက် ပြန်ရောင်းလိုက်နှင့်သာ သံသရာ လည်နေတော့သည်။ ထက်မာန်ဦးက အိမ်ကအလုပ်သမား အဒေါ်ကြီးတချို့ရဲ့ကျေးဇူးနှင့် ရပ်ကွက်ထဲက အကြောင်းတော်တော်များများကိုတော့ သိရသည်။

"မှတ်မိလားလို့။ ဟေ့ကောင်။"

ထက်မာန်ဦးက ထပ်မေးလိုက်သော်လည်း လွှမ်းက အင်းမလူပ် အဲမလူပ်ဖြင့်သာ။ ထားပါတော့။ ဒါလည်း လွှမ်း မှတ်မိမယ်မထင်ပါဘူး။ ထက်မာန်ဦးကသာ လွှမ်းနဲ့ ပတ်သက်ရင် ပိစိပေါက်စ သေးသေးမွှားမွှားလေးက အစ အကုန်လိုက်မှတ်မိနေတာ။

"လာ။ သွားရအောင်။ နောက်တစ်ချိန်က Chemistry ဆရာမဝင်မှာ။"

ပြတင်းပေါက်နားကနေ ထွက်သွားတဲ့ မာန် ခေါ်ရာနောက် ဝေလွှမ်းမလိုက်မိ။ နေခြည်အောက်က တလက်လက်တောက်ပနေတဲ့ ထိုအပြာရောင်အိမ်လေးကိုသာ အာရုံစူးစိုက်မိနေသည်။

ရပ်ထားတဲ့ Light Truck ကားလေးက ပရိဘောဂတွေ တင်ချပို့ချ ပြီးလို့ ထွက်ခွာသွားချိန်မှာ လူနှစ်ယောက်ကို ပြတ်ပြတ်သားသား မြင်လိုက်ရလေသည်။ ရယ်ရယ်မောမောနှင့် အိမ်ထဲကို ဝင်ရောက်သွားတဲ့ ထိုနှစ်ယောက်ကို ဘာရယ်မဟုတ် ဝေလွှမ်း ငေးကြည့်နေစဉ်မှာပင်

AFFECTION-နှောင်ကြိုး(နှောင်ကြိုး)Where stories live. Discover now