အပိုင်း-၂၁ (Unicode)

8K 1.1K 50
                                    


"ဒီနေ့ကိုမျိုးဆိုင်မဖွင့်ဘူးလားမသိဘူး။"

မနတ်ခုနှစ်နာရီခွဲသည့်တိုင် ကိုမျိုးရဲ့အိမ်ဆိုင်လေး မဖွင့်သေးတာကြောင့် ထက်မာန်ဦး လွှမ်းကို လှမ်းပြောလိုက်မိသည်။ ထက်မာန်ဦးတို့ရဲ့ အပေါ်ထပ်အဆောင်ကဆိုလျှင် ကိုမျိုးတို့ဆိုင်ကလေးကို တန်းနေအောင်မြင်ရသည်။

မနတ်ခုနှစ်နာရီဆို ကိုမျိုးအိမ်ဆိုင်ဖွင့်ပြီ။ ရှစ်နာရီဆိုလျှင် ကိုအောင် အလုပ်သွားသည်ကို ဆိုင်ရှေ့ထိ လိုက်ပို့တတ်သည်။ ညနေငါးနာရီခွဲလောက်ဆိုလျှင် ကိုအောင် အလုပ်ဆင်းတာကို မျှော်နေတဲ့ ကိုမျိုးကို ဆိုင်ရှေ့မှာ တွေ့ရတတ်သည်။ ဒါသည် ထက်မာန်ဦးတို့ အဆောင်ကနေ နေ့တိုင်းနီးပါး မြင်နေရတဲ့ မြင်ကွင်းတစ်ခုပင်။ လွှမ်းကလည်း ထက်မာန်ဦးပြောတော့ ပြတင်းပေါက်ကိုလာပြီး လှမ်းကြည့်သည်။

ဒုတိယစမ်း စာမေးပွဲကြီးက ကြားမှာဝင်ခံသွားတဲ့အပြင် စာမေးပွဲအစစ်ကြီးလည်း နီးလာတာမို့ ထက်မာန်ဦးတို့ အဆောင် မှာ အချိန်ပိုစာသင်ချိန်တွေ ပြည့်သိပ်ညပ်လာတဲ့အပြင် ကြီးငယ်ကလည်း အပြင်ထွက်ခွင့်ကို ပိုပြီး တင်းကြပ်လာလေသည်။ အခုဆို အပြင်ထွက်မုန့်ဝယ်စားဖို့ကိုတောင် မလွှတ်တာမို့ ခြံထဲက အလုပ်သမားတွေနဲ့သာ မှာရတော့သည်။ အဲ့တာနဲ့ဘဲ ကိုမျိုးနဲ့ ကိုအောင်နဲ့လည်း မဆုံဖြစ်တာ ကြာပြီ။

"ကြည့်ရတာ ခရီးတွေဘာတွေများသွားကြတာလား။"

ထက်မာန်ဦးရဲ့ ထင်မြင်ချက်ကို လွှမ်းကဘာမှမတုံ့ပြန်ပါ။ ထိုမျက်စောင်းထိုးက အပြာရောင်တိုက်ပုလေးကိုသာ လှမ်းပြီး ခပ်ငေးငေး ကြည့်နေလေသည်။ ထက်မာန်ဦးလည်း ကိုမျိုးနဲ့ ကိုအောင်ကို အတန်ငယ်ရင်းနှီးနေပြီဖြစ်လို့ လွှမ်းသည်လည်း သံယောဇဉ်ရှိနေပြီထင်ပါသည်။

"လာ။ရေမြန်မြန်သွားချိုးရအောင်။ မဟုတ်ရင် တခြားကောင်တွေနဲ့ လုချိုးနေရမှာ။"

ကိုမျိုး ဆိုင်မဖွင့်တာ ဘာကြောင့်လဲထက် ရေချိုးနောက်ကျရင် စာသင်ဆောင်သွားတာပါ နောက်ကျမည်မို့ ထက်မာန်ဦး လွှမ်းကိုဆွဲခေါ်လိုက်ရသည်။ လွှမ်းက ရေချိုးရင် ကြာက ကြာတတ်သေးသည်။

AFFECTION-နှောင်ကြိုး(နှောင်ကြိုး)Where stories live. Discover now