အပိုင်း-၃၇ (Unicode)

7.1K 935 96
                                    

"အ..ခေါင်းကိုက်လိုက်တာ..။"

မနတ်မိုးလင်းလို့ မျက်လုံး နှစ်လုံး ပွင့်ပွင့်ချင်း စိုင်းဝေယံ ညည်းညူလိုက်မိလေသည်။ တက္ကစီပေါ်ရောက်သည်အထိဘဲ နောက်ဆုံး မှတ်မိပြီး အဲ့နောက်ပိုင်း ဘာမှ မမှတ်မိတော့။ လမ်းကြိတ်စက် တက်ကြိတ်ခံထားရသလို ဦးနှောက်များ အစိတ်စိတ်အမွှာမွှာ ကြေပျက်သွားပြီလားလို့ အိပ်ယာမှ ကုန်းရုန်းထရင်း စိုင်းဝေယံ ကိုယ့်ခေါင်းကို ယောင်ယမ်းပြီး ပြန်ကိုင်လိုက်မိသည်။

ထိုမှ တဆင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ ဘေးပတ်လည်သည် အပြာရောင်နံရံတို့နှင့် ဝန်းရံထားလေတဲ့ အခန်းကျဉ်းလေး။

သြော်.. ညကအခန်းထဲတော့ ကောင်းကောင်းမွန်မွန် ပြန်ရောက်သားဘဲ။

ဝေလွှမ်းကအဲ့လောက်လည်း မဆိုးလှပါလားဟု တွေးလိုက်မိတော့ ခေါင်းကိုက်ဝေဒနာသည် တခဏတာတော့ လွင့်စင်ထွက်သွားလေသည်။

"မောနင်း။ဝေလွှမ်း။"

မနတ်စောစောစီးစီး ဆေးစာအုပ်အထူကြီးနှင့် မျက်နှာအပ်နေသော ဝေလွှမ်းသည် စိုင်းဝေယံကို တစ်ချက် မော့ကြည့်လာလေသည်။ တစ်ချက်ကလေးမှ တကယ့်ကိုတစ်ချက်ကလေးပင်။ ထို့နောက် စာအုပ်ဆီသာ ပြန်ပြီး အကြည့်ရောက်သွားလေပြီး

"အနောက်မှာ ကိုဇော်မိုးလုပ်ပေးထားတဲ့ ထမင်းကြော်နဲ့ ဘဲဥရှိတယ်။ စားပွဲပေါ်မှာ အုပ်ဆောင်းနဲ့ ဖုံးပေးထားတယ်။"

ကိုဇော်မိုးကို ကျေးဇူးတင်သွားမိသည်။ နေထိုင်ရေးသာမက စားရေးသောက်ရေးက အစ အစစအရာရာ တာဝန်ယူပေးနေလေသည်။ အဆောင်မှာလည်း အရိပ်အယောင်မတွေ့ပုံထောက်လျှင် အခုလောက်ဆို ဆေးရုံသွားနှင့်ပြီပေါ့။ စိုင်းဝေယံထလာတာဘဲ မနတ်ကိုးနာရီထိုးနေလေပြီ။

"ငါကတော့ မနတ်စာမစားခင် ကော်ဖီကြမ်းနဲ့ သံပုရာတစ်ခွက်ကို အရင်သောက်မှထင်တယ်။ ခေါင်းတွေ ကြိမ်းနေတာဘဲ။"

စိုင်းဝေယံ အနည်းငယ် ခပ်အီအီနှင့် ပြောလိုက်ပေမယ့် ဝေလွှမ်းသည် မျက်လုံးပင်စွေမကြည့်။ စကားပြောတာကိုပင် တာဝန်နှင့် ဝတ္တရားအရ လုပ်နေရတယ်လို့ မှတ်ယူလားလေသလားမသိ။ သူပြောစရာရှိတာ ပြောပြီးပြီဆို ငြိမ်သွားလေပြီ။ တကယ့် ဥပေက္ခာပြုနိုင်သူကြီး။

AFFECTION-နှောင်ကြိုး(နှောင်ကြိုး)Where stories live. Discover now