အပိုင်း-၁၄ (Unicode)

8.3K 1.1K 58
                                    


"အား! အခုမှဘဲ စိတ်ရောကိုယ်ရော လွတ်လပ်သွားတော့တယ်။"

"မင်းဟာကလည်း ပထမစမ်း စာမေးပွဲကြီးပြီးတာ စာမေးပွဲ အစစ်ကြီး ပြီးတာကျနေတာဘဲ။"

စိုင်းဝေယံရဲ့စကားကို မိုးဝေက ကန့်လန့်တိုက်ပြီး ပြောလေသည်။ စိုင်းဝေယံကတော့ မိုးဝေဘာပြောပြော ဂရုမစိုက်ပေ။ အဝတ်လဲခန်းထဲမှာတင် အဝတ်ပုံတွေကြား ပက်လက်ကြီးလှန်ပြီး ပြုံးဖြီးဖြီးမျက်နှာကြီးနှင့် အိပ်နေလေတော့သည်။

"အဲ့လောက် စိတ်အေးလက်အေးအိပ်နိုင်ရအောင် သောက်ရမ်းတွေဖြေနိုင်ခဲ့တာလား။ ငစိုင်း။"

"ဖြေနိုင်နိုင် မဖြေနိုင်နိုင် ရလဒ်က နောင်ခါလာနောင်ခါစျေးဘဲ။ဟျောင့်။ နော်။ ဟုတ်တယ်မဟုတ်လား။ ငထက်။"

"အမ်..ဘာလဲ။"

အူတိအူကြောင် မျက်နှာပေးနှင့် ထက်မာန်ဦးကြောင့် မိုးဝေက လှည့်ကြည့်လာသည်။ စိုင်းဝေယံက ပက်လက်လှန်လှဲနေရာမှ ကုန်းထပြီး ထက်မာန်ဦးကို မော့ကြည့်သည်။

"ဆောရီး။ ငါမကြားလိုက်လို့။"

မိုးဝေရော စိုင်းဝေယံရောကို မျက်နှာလွှဲလိုက်ပြီး ထက်မာန်ဦး ပြောလိုက်သည်။ ပြီးတော့ ဝတ်ထားတဲ့ အကျႌအဖြူရောင်လေးကိုချှတ်လိုက်လေသည်။ စိုင်းဝေယံက ကုန်းထလာပြီး ထက်မာန်ဥိးကို လာမေးသည်။

"မင်းဘာဖြစ်နေတာလဲ။"

"ဘာမှမဖြစ်ပါဘူး။"

စိတ်ပူလို့ ဂရုတစိုက်နဲ့လာမေးတယ်ဆိုတာ နားလည်ပေမယ့် ထက်မာန်ဦး မျက်နှာချင်းမဆိုင်ချင်လို့ အတင်းမျက်နှာလွှဲပြီးရှောင်နေတော့သည်။

"မင်းမျက်လုံးတွေက ယောင်နေတာလား။"

ရှစ်ခ်ဟု ထက်မာန်ဦးစိတ်ထဲမှ ခပ်တိုးတိုးရေရွတ်လိုက်မိတော့သည်။ အဲ့တာတွေကြောင့် မျက်နှာချင်းမဆိုင်ချင်တာ။ တမနတ်လုံးလည်း ဒီနီရဲနေတဲ့ မျက်လုံးကြောင့်ဘဲ စာဖတ်ချင်ယောင်ဆောင်ပြီး ဘိုင်အိုစာအုပ်ကြီးထဲ ခေါင်းစိုက်ထားခဲ့တာ။

"မင်းငိုထားတာလား!ငထက်!"

စိုင်းဝေယံဖော်ကောင်လုပ်တာနဲ့ ကျန်တဲ့ အဝတ်လဲနေတဲ့လူတွေ အကုန်လုံးလည်း ထက်မာန်ဦးရဲ့ မျက်နှာကို အထူးအဆန်းလို လာပြီး ပြူးကြည့်ကုန်ကြပြီ။ ထက်မာန်ဦးသည်းမခံနိုင်တော့တာနှင့်

AFFECTION-နှောင်ကြိုး(နှောင်ကြိုး)Where stories live. Discover now