အပိုင်း-၃၄ (Unicode)

7.3K 969 139
                                    


ရွှေရောင် ကတ္တီပါ လိုက်ကာစတို့ကို ပိတ်ကာထားတာမို့ နေ့အလင်းရောင်သည် လွှမ်းရောင်ထည်ဝါ စံအိမ်ကြီးရဲ့ စာကြည့်ခန်းထဲတွင် ဝင်ရန်မစွမ်းသာ။ သို့သော် မျက်နှာကြတ်တွင်တပ်ဆင်ထားတဲ့ မီးပန်းဆွဲတို့၏ အလင်းရောင်ဖြင့် စာကြည့်ခန်းသည် ထိန်ထိန်ညီးနေလေသည်။

ထိုစာကြည့်ခန်းထဲတွင် ဒေါ်ချောခင်ခင်သည် ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက်နှင့် မနတ်ကတည်းက ကဏာမငြိမ်။ ခြေရာတွေသာ မြင်သာထင်သာ ရှိမည်ဆိုလျှင် မဟော်ဂနီရောင် ကဗ္ဗလာကော်ဇောထက်တွင် ဒေါ်ချောခင်ခင်ရဲ့ ခြေဖဝါးရာတို့ ဖြင့်သာ ပြည့်နှက်နေမည်ဖြစ်သည်။ ခုံတစ်လုံးပေါ်တွင် ဒူးချိတ်ကာ ထိုင်နေတဲ့ မေလွှမ်းရဲ့ ခါးကိုခပ်ကိုင်းကိုင်းအနေအထားနှင့် ဒူးပေါ်တွင် တံတောက်ဆစ်ထောက်ထားပြီး နဖူးပေါ်လက်ထောက်ထားတဲ့ ဟန်သည် စိတ်ပျက်နေဟန်အပြည့်။ ထိုသူနှစ်ယောက်ရဲ့ ရှေ့မှာတော့ ဖြူဖျော့နေတဲ့ အသားအရည်ပိုင်ရှင် ကောင်လေးသည် အသက်မဲ့နေတဲ့ အလား ငြိမ်သက်စွာ ထိုင်နေလေသည်။

"ငါတို့ နင့်ကိုဘယ်လိုလုပ်ပေးရမှာလဲ!ကိုလေး!"

ဒေါ်ချောခင်ခင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေရာမှ ရပ်လိုက်ကာ ဝေလွှမ်းကို ထပ်မံပြီး အော်ပစ်လိုက်မိတော့သည်။ သို့သော် ဝေလွှမ်းသည် တုပ်တုပ်ကလေးသော်မျှ လူပ်မသွား။ သွေးမရှိတော့သည့်အလား ဖြူဖျော့နေတဲ့ ထိုမျက်နှာကလေးသည် မျက်ဝန်းအောက်ခမ်းစပ်တွေက ညိုမည်းလျှက်ရှိကာ နူတ်ခမ်းတွေက ခြောက်သွေ့ကွဲအက်လို့နေသည်။ မျက်လွှာကိုအောက်ချလျှက် ကြမ်းပြင်ကိုသာ ငေးစိုက်ကြည့်နေပုံက ခုနေကမ္ဘာပျက်သွားလျှင်တောင် ထိုင်နေရာမှ ထမည့်ပုံမရှိ။

"ငါတကယ်ရူးချင်တာဘဲ။ကိုလေးရယ်!"

ဒေါ်ချောခင်ခင် ထိုင်ခုံတစ်လုံးပေါ် ခြေပစ်လက်ပစ်ထိုင်ချလိုက်မိတော့သည်။ စစ်ဆေးတက္ကသိုလ်သို့ ပို့ရန်ရည်ရွယ်ထားသောကြောင့် ဗိုလ်လောင်းသင်တန်းဖွင့်ထားတဲ့ အဖေဖြစ်သူက ဝေလွှမ်းကို သင်တန်းဆင်းခိုင်းသည်။ သင်တန်းကိုမလာဘဲ အခန်းထဲ တနေကုန် တနေခန်း ပိတ်လှောင်ပြီး နေသည်။

AFFECTION-နှောင်ကြိုး(နှောင်ကြိုး)Where stories live. Discover now