အပိုင်း-၅၅ (Unicode)

9.6K 1.1K 276
                                    

"ဆရာရေ။ လုပ်ပါဦး။ အနာက မပျောက်ဘဲ ပိုရင်းလာလို့။"

"ဆရာရေ။အဖျားတွေကြီးပြီး ကိုယ်ပူတွေတက်တာ အခုသတိလစ်သွားလို့။"

"ဆရာရေ။ ထင်းခုတ်တာ လက်တွေပါ ထိကုန်လို့။"

တစ်နေ့တနေ့ မရိုးနိုင်သော ဝေဒနာပေါင်း သောင်းခြောက်ထောင်သည် ထက်မာန်ဦးတို့ နေအိမ်ဆီ အကုန်ရောက်သည်။ တလောက မြွေကိုက်တဲ့လူနာကို လွှမ်းကူညီပေးလိုက်ကတည်းက ရွာထဲမှာထစ်ခနဲရှိတစ်ခုခုဆို လွှမ်းဆီရောက်လာတော့သည်။ လွှမ်းကတော့ သူတို့ဟာ သူတို့ ဆေးမြီးတိုတွေနဲ့ ကြိတ်ကုတာထက် သူတို့ရောက်လာတာ ပိုကောင်းသည် ဆိုပြီး ဝမ်းသာနေသေးသည်။ ဆေးကုတဲ့နေရာကတော့ အိမ်ရှေ့ဘုရားခန်းမှာပင်် ဖျာခင်းပြီး ရောက်လာတဲ့ လူနာတွေကို စမ်းသပ်ရသည်။

ဒီတမနက်တည်းပင် လူနာက သုံးယောက်ရှိနေပြီ။ အခုနောက်ဆုံးရောက်လာတာက ထင်းခုတ်ရင်း လက်ထိသွားလို့။ လွှမ်းကတော့ အရိုးတွေပါ မြင်နေရပြီဖြစ်တဲ့ တဲတဲလေးသာ ကျန်တော့သော လက်ချောင်းနှစ်ချောင်းကို ဂရုတစိုက်ချုပ်ပေးနေရှာလေသည်။ ထုံဆေးမပေးဘဲ အစိမ်းချုပ်တာမို့ လက်ထိထားတဲ့ ထိုဦးလေးကြီးကတော့ သေမတတ် အော်ဟစ်လျှက်ရှိသည်။

"အား။..အား။"

ထိူလူကိုထိန်းရတာက ထက်မာန်ဦးရဲ့အလုပ်။ ထက်မာန်ဦးကတော့ မကြည့်ရဲတာမို့ မျက်နှာကိုခပ်လွှဲလွှဲထားပြီး လူနာကိုသာ ဖမ်းချုပ်ပေးထားလိုက်သည်။ သို့သော် ထိုလူရဲ့အားက မသေးလှသည်ဖြစ်ရာ တစ်ချက်တစ်ချက် ရုန်းထလာသည်မို့ လွှမ်းမှာ သေချာအာရုံစိုက်လို့ရပုံမတူ။ လွှမ်းမှာနဖူးက ချွေးပါကျချင်နေပြီဖြစ်သည်။

"မာန်။ သူ့လက်ကိုသေချာထိန်းထား။"

လွှမ်းပြောတဲ့အတိုင်း ဓားထိထားတဲ့လက်ကို လှမ်းဖိထားလိုက်မိသည်။ နဖူးကြောကြီးတွေ ရှုံ့တွနေတဲ့အထိ အံကိုကြိတ်ထားတဲ့ ထက်မာန်ဦး မျက်နှာက အစိမ်းချုပ်ချုပ်ခံရတဲ့ လူထက် ပိုပြီးကြည့်ရဆိုးနေမည်ဆိုတာ သေချာသည်။ ထက်မာန်ဦးထက်စာလျှင် ထိုဦးလေးကြီးရဲ့ သမီးဖြစ်သူက ပိုပြီးအားသန်ပုံရသည်။ သူပါ၀ိုင်းပြီးဖိပေးထားကာမှ ထိုလူသည်အတန်ငယ် ငြိမ်သက်သွားလေတော့သည်။ ထိုအခါမှ လွှမ်းမှာလည်း အပ်ကိုင်ပြီး ရဲရဲချုပ်လို့ရတော့သည်။

AFFECTION-နှောင်ကြိုး(နှောင်ကြိုး)Where stories live. Discover now