ကျေးဇူးတင်လွှာ (Unicode)

10.5K 666 176
                                    


*စာရှည်ပါတယ်နော်။ ဘေးမှာကော်ဖီလေးတခွက်ချပြီးဖတ်ပါ :*"

ဟဲလို။ သက်တန့်ရောင်ပါ။ တန့်တန့်ပါ။ AFFECTION-နှောင်ကြိုးကို အပြီးသတ်ရေးနိုင်ခဲ့ပြီမို့ ဂုဏ်ယူဝမ်းမြောက်စွာနဲ့ ဒီကနေ နူတ်ခွန်းဆက်သလိုက်ပါတယ်။ ကျေးဇူးတင်လွှာဆိုတော့ ကျေးဇူးလည်းတင်ရပါမယ်။ Page ထိ Review သွားတင်ပေးတဲ့သူတွေရော၊ Facebook ပေါ်တက်ပြီး Promotion ကူဆင်းပေးတဲ့သူတွေရော၊ ဒီတလျှောက်တန့်နဲ့တူတူ လိုက်ပါလာခဲ့တဲ့ ဒီစာဖတ်သူအပေါင်းတို့ Silent Reader လည်းမချန်၊ မန့်ပေါင်းတသောင်းနဲ့ ဝက်ဝက်ကွဲဝုန်းတဲ့ သူတွေလည်း အပါအဝင် အားလုံးကိုကျေးဇူးတင်ရှိပါတယ်။ ဇာတ်သိမ်းပိုင်းကို ကျေနပ်သူ မကျေနပ်သူ သူတော်ကောင်း အပေါင်းတို့ကိုလည်း ကျေးဇူးတင်ပါတယ်။ ><

မနေ့ကတည်းက ကျေးဇူးတင်လွှာကို တခါတည်း ဆက်တိုက်မတင်ခဲ့ရတဲ့ အကြောင်းရင်းက ဇာတ်သိမ်းပိုင်းမှာ စာဖတ်တဲ့ကလေးတွေ တုံ့ပြန်တာကို နည်းနည်းစောင့်ကြည့်ချင်လို့ပါ။ အခုတော့ ကြည့်လည်းကြည့်ပြီး၊ အဝေဖန်လည်း ခံရပြီး၊ အကောလည်း ခံရပြီးဆိုတော့ စပြီးပြောပါတော့မယ်။

ဇာတ်လမ်းတပုဒ်ပြီးသွားတဲ့အချိန် စိတ်က ထုံးစံအတိုင်း နှစ်ခွပါ။ ပထမတစ်ခုကတော့ ပြီးသွားပြီဆိုပြီး ဒုံးဒုံးချလိုက်နိုင်တဲ့ ပေါ့ပါးပျော်ရွှင်မူပါ။ တဆက်တည်းမှာဘဲ ငါရေးလိုက်တဲ့ဒီFictionတပုဒ်က တကယ်ရော စာဖတ်သူတွေအချိန်ပေးဖတ်ခဲ့ရလောက်အောင် တန်ခဲ့ရဲ့လား။ စာဖတ်တဲ့ကလေးတွေကို ရသတစ်ခုခုကိုများ လုံလောက်အောင်ပေးနိုင်ခဲ့ရလား ဆိုပြီး စိတ်ကနှစ်ခွနဲ့ ပျော်သလိုလို ဝမ်းနည်းသလိုလိုဖြစ်နေတဲ့ကာလပါဘဲ။

အရင်ဆုံးပြောရရင်တော့ AFFECTION-နှောင်ကြိုးဆိုပြီး စဖြစ်လာတဲ့ ကာလကို ပြန်ပြောပြချင်ပါတယ်။ မှတ်မှတ်ရရ မေလနောက်ဆုံးအပတ်ပါ။ Robot ကိုဆက်ရေးနေပေမယ့်လည်း ဖတ်တဲ့သူနည်းပြီး အကြီးအကျယ် ဖလုတ်( Flop)နေတဲ့ကာလပါ။ T_T ဗီလိန်နာမည်ကိုလည်း ဆက်စဉ်းစားမရတော့တာနဲ့ဘဲ စိတ်ကတောင်တွေးမြောက်တွေးနဲ့ တခြားဇာတ်လမ်းတွေ လျှောက်တွေးမိပါတော့တယ်။ အဲ့တာနဲ့ ကလေးမလေးတစ်ယောက်နဲ့ စကားပြောဖြစ်နေရင်း မမရဲ့ နောက်ထပ် Fiction ဘယ်လိုပုံစံဖတ်ချင်သလဲလို့ မေးမိပါတော့တယ်။

AFFECTION-နှောင်ကြိုး(နှောင်ကြိုး)Where stories live. Discover now