အပိုင်း-၅၃ (Unicode)

7.9K 1K 123
                                    


"နိုးလာပြီလား။"

လွှမ်းက မျက်နှာသုတ်ပုဝါနှင့် မျက်နှာကိုနာနာဖိသုတ်နေရင်း ခေါင်းလေးသာ ညိမ့်ပြသည်။ ထက်မာန်ဦး ကြည့်မိသလောက် လွှမ်းမျက်နှာက အနည်းငယ် ခပ်ရဲရဲဖြစ်နေလေသည်။

"မနေ့ညက ကျန်ခဲ့တဲ့ ထမင်းကြမ်းတွေကို ကြော်ထားတာရှိတယ်။ စားလိုက်ဦး။"

အဆင်သင့်ပြင်ထားတဲ့ ထမင်းကြော်ပန်းကန်သည် လွှမ်းရှေ့မှာ အဆင်သင့်ပင်။ ကြက်ဥကို ထမင်းထဲ တစ်ခါတည်း ခေါက်မွှေပြီး နနွင်းမူန့်နိုင်နိုင်ဖြင့် ကြော်ထားတဲ့ ထမင်းကြော်သည် စားချင်စဖွယ် ရနံ့ံဖြင့်ဆွဲဆောင်သည်။ လိပ်လို ကိုယ့်ဘက်ကိုယ် ယက်တာ မဟုတ်ပေမယ့် ထက်မာန်ဦးရဲ့ ဟင်းချက်တဲ့ စွမ်းရည်သည် မသေးလှ။ ထိုင်းမှာ တစ်ယောက်တည်းနေခဲ့တဲ့ အကျိုးကျေးဇူးတွေပေါ့လေ။

"မစားသေးဘူးလား။"

လွှမ်းကအတန်ကြာထိ တုပ်တုပ်မျှမလူပ်သည်မို့ ဘုရားကို သောက်တော်ရေကပ်နေလျှက်မှ ထက်မာန်ဦး လှမ်းမေးမိသည်။ အခုမှ ထက်မာန်ဦး သေချာကြည့်မိတော့သည်။ စကတော့ မျက်နှာကိုဖိသုတ်တဲ့အရှိန်ကြောင့်လို့ ထင်ခဲ့ပေမယ့်လည်း ယခုထက်ထိတိုင် လွှမ်းပါးပြင်က ရဲနေဆဲ။ လွှမ်းရဲ့ နှာခေါင်းထိပ်ဖျားလေးဆို နီရဲတွတ်နေလေသည်။

"အင်း။စားမယ်။"

ထွက်လာတဲ့အသံက လည်း ခပ်အီအီလေး။ အအေးပတ်ပြီး လွှမ်းဖျားနေပြီဆိုတာ နဖူးပေါ်လက်တင်စရာမလိုဘဲ ထက်မာန်ဦး သိလိုက်သည်။ မနေ့ညက အောက်မှာ အိပ်လိုက်ရတဲ့ ရလဒ်တွေနေမှာပေါ့။ အဲ့မှာ ခံစမ်းဘဲ။ ထက်မာန်ဦးကို ကလိတိတိ ရိတိတိ လုပ်ချင်တဲ့ အကျိုးကျေးဇူးတွေ။

မျက်နှာလွှဲလိုက်ပြီး ဘုရားစင်သန့်ရှင်းရေးကိုသာ အာရုံစိုက်လိုက်မိပေမယ့် တစက္ကန့်တောင်မကြာဘဲ လွှမ်းရှိရာကို ကြည့်မိပြန်သည်။

"ဖျားနေပြီမဟုတ်လား။ ထမင်းကြော်က ရင်ပြည့်နေဦးမယ်။ ငါခေါက်ဆွဲပြုတ်ပေးမယ်။စားမလား။"

လိုလိုပိုပိုယူလာခဲ့မိတဲ့ ခေါက်ဆွဲခြောက်ထုပ်တစ်ထုပ်ရှိနေသေးတာကို အမှတ်ရမိတော့ ထိုတစ်ထုပ်တည်းသော ခေါက်ဆွဲခြောက်ထုပ်ကို လွှမ်းအတွက်ရည်ရွယ်မိသွားမိသည်။ နောက်ဆိုလျှင်လည်း စိုင်းဝေယံကို သူ့လိမ္မော်ခြံဘက် လာဖြစ်လို့ လမ်းကြုံလျှင် ခေါက်ဆွဲခြောက်ထုပ်တွေ ဝယ်လာပေးဖို့ မှာရမည်။သူက ကြာဦးမည်ဆိုလျှင် ထက်မာန်ဦးဘဲ ရွာငံမြို့ပေါ်ကိုယ်တိုင်သွားဝယ်ရမည်။ နေဦး။ သွားဝယ်ဖို့ဆို စက်ဘီး ဒါမှမဟုတ် ဆိုင်ကယ်ရှိမှ သွားလို့ရမှာ။ သောက်ခွမ်းဘဲ ။ အဲ့နှစ်ခုလုံး မစီးတတ်ဘူး။

AFFECTION-နှောင်ကြိုး(နှောင်ကြိုး)Where stories live. Discover now