အပိုင်း -၁၈ (Unicode)

8.4K 1K 121
                                    


သောကြာနေ့တွေကို စိုင်းဝေယံစိတ်ထဲက အလိုမကျ မုန်းတီးနေမိတာ ကြာလေပြီ။ အတိအကျပြောရလျှင် ဒီအဆောင်ကို စရောက်ကတည်းကပင်။ သောကြာနေ့ ညနေ လေးနာရီထိုးလျှင် ရပ်ဝေးက အဆောင်နေကျောင်းသားတွေ အိမ်နှင့်ဖုန်းပြောခွင့်ရကြသည်။

တဂွမ်ဂွမ်အော်မြည်နေပြီဖြစ်တဲ့ ဖုန်းသံတွေ၊ ဧည့်ခန်းကနေ လွင့်ပျံ့လာတဲ့ အပြန်အလှန်ဖုန်းပြောသံတွေဟာ စိုင်းဝေယံ အတွက်အာရုံနောက်စရာကောင်းလှသည်။ တစ်ယောက်ကိုဆယ်မိနစ်လောက်သာ ပြောရလို့သာ တော်ရော့သည်။

တပတ်တကြိမ်ဖုန်းခေါ်လာမယ့်သူမရှိတဲ့ စိုင်းဝေယံကတော့ အဲ့လိုအချိန်ဆိုလျှင် ခြံထဲက သစ်ပင်အောက်မှာ ခြေဆင်းထိုင်နေလေ့ရှိသည်။ သစ်ပင်ကို မှီထိုင်လိုက်ရင်း ခုချိန် ဝေလွှမ်းဘယ်မှာလဲဟု စိတ်ထဲကတွေးလိုက်မိသည်။

အင်း။ သူ့မိဘတွေနဲ့ ဖုန်းပြောရင်ပြော။ မပြောရင် ငထက်နဲ့ တူတူရှိနေမှာပေါ့။

စိုင်းဝေယံ ဟင်းခနဲ သက်ပြင်းတစ်ချက်ကို ချလိုက်ရင်း မျက်လုံးကိုမှိတ်ချပစ်လိုက်သည်။ ဖင်ထိုင်ချထားတဲ့ မြက်ခင်းပြင်ဟာ မိုးကုန်ပြီမို့ စိုစွတ်မနေ။ နူးညံ့ပြီး အိစက်နေသလို ခံစားရသည်။ အမြဲတမ်းအေးအေးဆေးဆေးနှင့် သက်တောင့်သက်သာနေချင်တဲ့ စိုင်းဝေယံအတွက် ဒီမြက်ခင်းပြင်ဟာ သိကြားမင်းရဲ့ မြကျောက်ဖျာနှင့်မလဲနိုင်။

"အင်း....။"

နှာခေါင်းဝက ယားစိစိဖြစ်နေလာကြောင့် စိုင်းဝေယံ နှာခေါင်းကိုရှုံ့လိုက်မိသည်။ သို့သော် ထိုယားစိိစိဖြစ်နေတာက ပျောက်ကွယ်မသွားတဲ့အပြင် နှာခေါင်းအတွင်းပိုင်းအထိ လိူက်ပြီး ယားတက်လာတာကြောင့်

"ဟပ်ချိုး!"

စိုင်းဝေယံ နှာလည်းအချေ မျက်လုံးလည်းအဖွင့်မှာဘဲ တွေ့လိုက်ရတဲ့သူက ထက်မာန်ဦး။ စိုင်းဝေယံကိုပြောင်ချော်ချော်မျက်နှာပေးနှင့်ကြည့်နေတဲ့အပြင် ငထက်ရဲ့ လက်ထဲမှာ တံမြက်စည်းမွှေးတံ တချောင်းကို မြင်လိုက်သည်။

"ချီးဘဲ။ သူတောင်းစား။ မင်းဘယ်တံမြက်စည်းကနေ ဆွဲနူတ်လာပြီး ငါ့နှာခေါင်းထဲလာထည့်နေရတာလဲ။"

AFFECTION-နှောင်ကြိုး(နှောင်ကြိုး)Where stories live. Discover now