အပိုင်း-၄၃ (Unicode)

6.9K 966 307
                                    


"ဒေါက်..ဒေါက်..။"

"ဒေါက်..ဒေါက်..။"

တံခါးခေါက်သံသည် အာရုံကို ရှုပ်ထွေးစေသည်။ထက်မာန်ဦး ကွန်ပျူတာကို ကြည့်နေရင်းမှ မျက်မှောင်တွေကို ကျုံ့ထားလိုက်မိသည်။

"သားငယ်။ကြီးငယ်ဝင်လာလို့ရလား။"

အင်းဟုဖြေလိုက်သလား မဖြေလိုက်သလား မသေချာပါ။ ကြီးငယ်ရဲ့ခြေသံကြားလိုက်ချိန်တွင် ထက်မာန်ဦး ရှေ့ဆံပင်တွေကို ပွရှုပ်လောက်အောင် ဖွထားမိတာတော့သေချာသည်။ အခန်းထဲ ဝင်လာတဲ့ ကြီးငယ်ကိုလည်း အရေးတယူမပြုမိ။ ဝေလွှမ်းကိစ္စဖြစ်ပြီးကတည်းက ထက်မာန်ဦးတို့ အိမ်တွင်းစစ်သည် ဘယ်အချိန် ထပ်မံ ပေါက်ကွဲမလဲ မသိတဲ့ ဗုံးတစ်လုံးလို တအုံနွေးနွေးဖြစ်နေသည်။

"သားငယ်။အလုပ်များနေတာလား။"

မေမေနှင့် ထက်မာန်ဦးကတော့ စကား အခေါ်အပြောလုံးဝ မပြောပေမယ့် ကြီးငယ်ကတော့ ထက်မာန်ဦးကို အရင်လိုဘဲ ဂရုစိုက်ရှာပါသည်။ သို့သော် ကြီးငယ်သည် မေမေနှင့် ပြေလည်အဆင်ပြေဖို့အတွက်သာ စကားစလာလေ့ရှိတာမို့ ထက်မာန်ဦး ကြီးငယ်ကိုလည်း လိုအပ်တာထက် ပိုမပြောဖြစ်။ မေမေနှင့် ထက်မာန်ဦးကြားက ပဋိပက္ခဟာ စကားလုံးတချို့တလေလောက်နဲ့ ပျောက်ပျက်သွားနိုင်တာမျိုးမှမဟုတ်ဘဲ။ အလုပ်ရှုပ်နေတာကို သိသာစေဖို့အတွက် အင်းလို့ဖြေမယ့်အစား ကီးဘုတ်ပေါ်ကို ထက်မာန်ဦးရဲ့လက်ချောင်းတွေကို တင်ထားလိုက်သည်။

"ဝေလွှမ်းအကြောင်းကို ပြောချင်လို့။"

"ဘာလဲ။ လွှမ်းတစ်လပြည့်ဆွမ်းကျွေးလား။"

ထက်မာန်ဦး စကားက နည်းနည်းတော့ အငေါ်တူးရာရောက်သွားနိုင်သည်။ သို့သော် ထို့ထက်လည်း ပိုပြီး ပြေလျော့ပေးဖို့မရှိပါ။ ကြီးငယ်က ခဏတော့ တိတ်ဆိတ်သွားလေသည်။ ထက်မာန်ဦး Email တစ်စောင်စစ်အကြာလောက်မှာမှ ကြီးငယ်က ပြန်စကားစသည်။

"ခုနကဘဲ မန္တလေးက အန်တီချောတို့ဆီက ဖုန်းလာတယ်။"

"အင်း..။"

ထက်မာန်ဦး အင်းဟုသာ အသံပြုမိသည်။ ကွန်ပျူတာဆီမှ အကြည့်မလွှဲမိ။

AFFECTION-နှောင်ကြိုး(နှောင်ကြိုး)Where stories live. Discover now