အပိုင်း-၅၂ (Unicode)

8.3K 1K 238
                                    

"မင်းတို့က တအိုးတအိမ်ထူထောင်ချင်ပြီပေါ့လေ..။"

လွှမ်းနဲ့ ထက်မာန်ဦးတို့နှစ်ယောက်သပ်သပ် နေဖို့အတွက် အိမ်လေးတစ်လုံးလောက် ရှာပေးရန် ပြောရာမှ ဒီအကြောင်းက စလာတော့သည်။ စိုင်းဝေယံသည် ခြံထွက်လိမ္မော်သီး ရဲ့ ရောင်းအား စာရင်းတွေကို စာအုပ်ထဲ တွက်ချက်ရင်းနှင့် ရယ်ကျဲကျဲမျက်နှာပေးနှင့် ပြောသည်။

"မင်းမေလင်။ စကားကို စောက်ချိုးပြေပြေ ပြောလို့မရဘူးလား။"

စိုင်းဝေယံသည် ထက်မာန်ဦး ဆဲတာလေးကို တရက်လေးတောင်မှ မကြားဘဲ မနေနိုင်ဟန်ရှိသည်။ ဆဲပြန်ရင်လည်း နာတတ်တဲ့ပုံမရှိ။ အခုလည်း စာရင်းတွက်လက်စနှင့်ကို တဟားဟားနဲ့ အော်ရယ်နေပြန်သည်။ သူ့လိုကောင်မျိုးကို ဒေါသထွက်ရရင်တော့ ထက်မာန်ဦးဘဲ ကြားထဲက သွေးတက်ပြီး အချောင်သေသွားလိမ့်မည်။

"ဘာလို့လဲ။ ငါနဲ့နေရတာ မလွတ်လပ်လို့လား။ ငါလည်း ဘာမှမလုပ်ပါဘူး..။မင်းတို့ဟာမင်းတို့ အပေါ်မှာ လွတ်လွတ်လပ်လပ် နေလို့ရအောင် ငါခုနောက်ပိုင်း ဘုရားတောင် တက်မရှိခိုးတာကို မင်းတို့က..။"

"ငါ့လက်သီးကြီး မင်းမျက်ခွက်တည့်တည့် ပျံမလာခင် မင်းပါးစပ်ကြီးပိတ်လိုက်ရင် ကောင်းမယ်နော်။ စိုင်းဝေယံ"

ဒီတစ်ခါတော့ လက်သီးနဲ့ ခြိမ်းခြောက်လိုက်လို့ထင်သည်။ အော်ကြီးဟစ်ကျယ်မရယ်တော့။ ပါးစပ်ကိုစေ့ပြီး တခွိခွိနှင့် ရယ်သည်။ ဘယ်လိုနေနေ ရယ်တာက ရယ်တာပါဘဲ။ ပြီးတော့ သူ့ရဲ့ စာရင်းစာအုပ်ကို တဖန်ပြန်ဖွင့်ပြီး ခုနကအကြောင်းအရာကို စကားဆက်သည်။

"အေးပါ။ အေးပါ။ ငါကနားလည်ပါတယ်။ မင်းတို့သဘောဘဲလေ။ ဒါနဲ့ မင်းတို့က ဘယ်ဘက်ပိုင်းမှာ နေချင်တာလဲ။ တောင်ကြီးမှာဘဲလား။"

ဘယ်လိုဘဲဖြစ်ဖြစ် ထက်မာန်ဦးတို့က ဒီနယ်ခံမဟုတ်တာမို့ အိမ်ရှာတာနှင့် ပတ်သက်ပြီး စိုင်းဝေယံကိုဘဲ အားကိုးရပေမည်။

"လွှမ်းကတော့ နည်းနည်းတိတ်ဆိတ်ပြီး ငြိမ်တဲ့ဘက်မှာနေချင်တယ်လို့ပြောတယ်။ ရှင်းရှင်းပြောရရင်ရွာဘက်တွေပေါ့ကွာ။ ရွာငံဘက်ရော။"

AFFECTION-နှောင်ကြိုး(နှောင်ကြိုး)Where stories live. Discover now