"လွှမ်း!"
ထိုင်ခုံမယ် ထိုင်နေလျှက်တန်းလန်းနှင့် လွှမ်းသည် ယိုင်ခွေလဲကျမလို ဖြစ်သွားတာမို့ ထက်မာန်ဦး လှမ်းထိန်းလိုက်ရလေသည်။ Chemistry ဆရာမသည် White Board ပေါ်တွင် ဓာတ်တိုးခြင်း-ဓာတ်လျော့ခြင်း အီကွေးရှင်း တချို့ကို ရေးရင်းမှ လှည့်ကြည့်လာသလို တခြားကျောင်းသားတွေသည်လည်း လွှမ်းဆီကို အကြည့်ရောက်လာလေသည်။
"ဘာမှမဖြစ်ဘူး။ ခေါင်းနည်းနည်းမူးသွားလို့။"
လွှမ်းသည် အာရုံစိုက်ခံရခြင်းကို နှစ်မြို့ဟန်မတူ။ချက်ချင်းပင် အိန္ဒြေဆယ်လိုက်ပြီး ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်သည်။ သို့သော် လွှမ်းနှင့် ဘေးကပ်လျှက် ရှိနေတဲ့ ထက်မာန်ဦးကတော့ လွှမ်းနဖူးကနေ ချွေးစေးချွေးပေါက်တွေ သီးနေတာကိုပင် မြင်နေရလေသည်။ ဆရာမသည်လည်း ဝေလွှမ်းကို စိုးရိမ်နေလေဟန်ရှိသည်။
"ဝေလွှမ်း။သား။ နေမကောင်းဘူးလား။"
"ရတယ်။ တီချယ်။ ခေါင်းနည်းနည်းမူးသွားတာဘဲရှိတာ။"
လွှမ်းသည် ကမန်းကတန်းပင် ငြင်းဆိုလေသည်။
"ခေါင်းမူးနေတယ်ဆို သွေးပေါင်ကျနေလားမသိဘဲ။ သွားနားလိုက်လေနော်။ စာသင်ချိန်လည်း ဘယ်လောက်မှ မကျန်တော့ဘူးဆိုတော့ တီချယ် သားကိုစောလွှတ်ပေးမယ်လေ။"
ဆရာမက အသာတကြည်ပေးပြန်နေတာတောင် လွှမ်းပုံစံက အင်တင်တင်။ စာသင်ခန်းကနေ စောပြန်ရမှာ ဘယ်လိုတောင်ကံကောင်းမူကြီးမျိုးလဲ။ ထက်မာန်ဦးဆို ကပြီးတော့တောင် စာသင်ခန်းထဲကနေ ထွက်သွားလိုက်ဦးမှာ။ ထက်မာန်ဦး နူတ်ခမ်းတွေကို ရွဲ့လိုက်မိရင်း
"စာကဘယ်ချိန်သင်သင်ရတယ်။လွှမ်း။ အသက်က နှစ်ချောင်းပါမနေဘူး။ ပြန်လိုက်တော့။"
"သေမယ့်ရောဂါမှမဟုတ်တာ။"
ထက်မာန်ဦး ပြောတော့ လွှမ်းက ခပ်ကြိတ်ကြိတ်အသံနှင့် ပြန်ပြောသည်။ ထက်မာန်ဦးနှင့် လွှမ်း ကြိတ်ကြိတ် ကြိတ်ကြိတ်နှင့် စကားများနေတာကို တီချယ်ကရိပ်မိသွားလို့ထင်။
YOU ARE READING
AFFECTION-နှောင်ကြိုး(ေႏွာင္ႀကိဳး)
RomanceUnicode Version "နုငယ်စဉ်က ၊ သံယောဇဉ်သည် ရက်လနှစ်တို့ ၊ ရှည်ကြာပါလည်း အကွာအဝေး ၊ မိုင်ပေါင်းရာချီ ဖြတ်တောက်နိုင်ရန် ၊ မစွမ်းသာသည်။ သစ္စာနှင့်တည် ၊ မေတ္တာမှန်က ကင်းစင်ဒုက္ခ ၊ ဒီဘ၀မယ် လောကနိဗ္ဗာန် ၊ မင်းနှင့်တည်သည် ရစ်ချည်ဖွဲ့သည့် ၊...