Arc(3.7)

6K 1K 19
                                    

Unicode

Arc(3.7

လီလျိုသူ့ရဲ့ငှက်မွှေးပြာတောင်သို့ပြန်ရောက်တဲ့အချိန်မှာလကအမြင့်ဆုံးအပိုင်းမှဖယ်ခွာပြီးအရှေ့ဘက်သို့ရွှေ့နေပြီဖြစ်သည်။

သို့သော်လီလျိုသူ့သစ်ရွက်သဏ္ဍာန်လှေပေါ်ကဆင်းလာပြီးနောက်ချူးဝူရုံကခြံဝင်းထဲကကျောက်တုန်းစားပွဲမှာထိုင်နေဆဲဆိုတာကိုတွေ့လိုက်ရသည်။

ထိုနေရာမှာအလင်းရရန်တပ်ဆင်ထားတဲ့ပစ္စည်းမရှိတာကြောင့်ချူးဝူရုံရဲ့ပုံသဏ္ဍာန်ကအနက်ရောင်အရိပ်တစ်ခုကဲ့သို့သာဖြစ်နေသည်။သို့သော်Nascent Soulအဆင့်ကိုရောက်နေပြီဖြစ်သည့်လီလျိုကတော့သူရောက်လာသည်ကိုတိတ်ဆိတ်စွာစောင့်ဆိုင်းနေသည့်ထိုလူရဲ့ပုံစံကိုရှင်းရှင်းလင်းလင်းမြင်နေရသည်။

လက်ရှိချူးဝူရုံကအခြေတည်,တည်ဆောက်ခြင်းအဆင့်ကိုအစောကြီးတကည်းကရောက်နေပြီဖြစ်တာကြောင့်ရက်အနည်းငယ်ညအနည်းငယ်မအိပ်တာတောင်အင်အားအပြည့်ဖြင့်နေနိုင်လေသည်။သို့သော်လီလျိုထွက်သွားပြီးနောက်မှာသူဘယ်အချိန်ပြန်လာမလဲဆိုတာကိုချူးဝူရုံမသိတာတောင်ဒီခြံဝင်းထဲမှာအချိန်အကြာကြီးထိုင်စောင့်နေသည်မှာသူမပြန်လာမခြင်းအနားမယူမယ့်ပုံစံပေါ်နေသည်။

လီလျိုကခေါင်းကိုငုံ့ပြီးချူးဝူရုံရှိရာသို့လှမ်းကြည့်လိုက်ကာသူ့နှုတ်ခမ်းထောင့်စွန်းများကအနည်းငယ်ကွေးညွှတ်တက်သွားရသည်။သူ့နှလုံးသားတစ်ခုလုံးကလည်းချူးဝူရုံရဲ့လုပ်ရပ်ကြောင့်ပျော်ရွှင်မှုများပြည့်နှက်သွား၏။

သို့သော်လီလျုကသူ့ကိုယ်ပိုင်ပျော်ရွှင်နေတဲ့အမူအယာကိုလျင်မြန်စွာပြောင်းလဲလိုက်ပြီးချူးဝူရုံရှိရာသို့လျှောက်သွားလိုက်သည်။ချူးဝူရုံသည်လည်းသူ့ကိုပြန်လှည့်ကြည့်လာသည်ကိုမြင်သောအခါလီလျိုရဲ့ခပ်ဖျော့ဖျော့အရောင်နှုတ်ခမ်းကအနည်းငယ်ပွင့်ဟလာပြီးမေးလိုက်သည်။

"ဝူရုန်...မင်းဘာဖြစ်လို့ဒီမှာရှိနေသေးတာလဲ?"

ချူးဝူရုံမှာသူ့ရှေ့ကမြူခိုးအနည်းငယ်ဆိုင်းနေသလိုမျိုးအနည်းငယ်ရှက်ရွ့နေဟန်အမူအယာဖြင့်လူအားကြည့်လိုက်မိလေသည်။ထပ်ပေါင်းပြောရရင်သူ့ရဲ့ပန်းရောင်ဖျော့ဖျော့နှုတ်ခမ်းသည်လည်းအနည်းငယ်လုံးဝန်းကာစိုစွတ်နေသည်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now