Arc(1.18)

12.5K 1.7K 29
                                    

Unicode

Arc(1.18)

The Wild Dragon Proud Day

ပထဆုံးတောက်ပသည့်မနက်ခင်းအလင်းရောင်လေးကကောင်းကင်တွင်အနိုင်နိုင်ထွက်ပေါ်လာသည့်အချိန်တွင်စခန်းအတွင်း၌ကျယ်လောင်သောခရာသံတစ်ခုကထွက်ပေါ်လာခဲ့သည်။

မူလကအိပ်ပျော်နေသည့်လီလျိုကချက်ချင်းပင်နိုးလာခဲ့သည်။ထိုကဲ့သို့ပင်ချင်ယုသည်လည်းပထမဆုံးခရာသံကြားသည့်အချိန်ကပင်ထထိုင်နေပြီးအိပ်ယာပေါ်မှထွက်နေပြီးပြီဖြစ်သည်။သူကလျင်မြန်စွာအဝတ်အစားဝတ်လိုက်ပြီးလက်ထဲမှာဓားကိုင်ကာတဲထဲမှထွက်သွားတော့၏။

လီလျိုသည်လည်းတတ်နိုင်သမျှသူ့ကိုယ်သူမြန်မြန်ဆန်ဆန်သပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်ပြီးချင်ယု၏နောက်မှလိုက်သွားခဲ့လိုက်တော့သည်။

ချင်ယုတဲထဲမှထွက်သွားပြီးသည်နှင့်ကင်းထောက်လူငယ်တစ်ဦး၏ပါးလွှာပြီးသေးငယ်သောပုံသဏ္ဍာန်သည်သူ့ရှေ့သို့ချက်ချင်းရောက်လာခဲ့သည်။

"စစ်သူကြီးအားသတင်းပို့ပါတယ်....ဂျင်မြို့ကစစ်တပ်နဲ့တပ်မှုးတွေကကျွန်တော်တို့ဆီဦးတည်ပြီးလာနေပါပြီမကြာခင်ရောက်လာတော့မှာပါ"

ချင်ယုကအစီအရင်ခံတာတစ်ခုလုံးကိုနားထောင်ပြီးသည်နှင့်သူ့ခြေလှမ်းများကိုမြန်ဆန်အောင်တိုးမြှင့်လိုက်ပြီးသူ့ရဲ့မြင်းနက်ကိုဆွဲထုတ်လိုက်ကာချက်ချင်းပဲခုန်တက်လိုက်တော့သည်။

စစ်သားများအားလုံးကပြင်ဆင်ပြီးနေပြီဖြစ်ပြီးစခန်းရှေ့မှကွက်လပ်တွင်စုဝေးကာချင်ယု၏အမိန့်ကိုစောင့်ဆိုင်းနေကြသည်။

ဖြာကျနေသည့်နေရောင်ခြည်ကမှောင်မိုက်သောတိမ်များကိုထိုးဖောက်ကာမြေကြီးပေါ်ရှိအလင်းကိုထွန်းလင်းပေးနေခဲ့သည်။အကွာအဝေးတစ်နေရာမှာတော့ကြီးမားသည့်တပ်ဖွဲ့ကြီးအားရှင်းလင်းစွာပင်မြင်နေရ၏။သူတို့ကိုဦးဆောင်လာသည့်သူကဆံပင်ဖြူနေသောသူတစ်ဦးဖြစ်ပြီးသူ့တစ်ကိုယ်လုံးကိုသတ်ဖြတ်ခြင်သည့်ရည်ရွယ်ချက်များဖြင့်ဖုံးအုပ်ထားကာထက်ရှသည့်အကြည့်များကချင်ယုတစ်ယောက်တည်းကိုသာဦးတည်ထားသည်။အကြည့်နှင့်သူလူသတ်နိုင်တယ်ဆိုရင်ချင်ယုရဲ့ကိုယ်ကဟိုးတုန်းကတည်းကအပေါက်တစ်ရာလောက်ဖြစ်ပြီးထောင်ပေါင်းများစွာသည့်အပိုင်းအစများဖြစ်သွားနေလောက်ပြီဖြစ်၏။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now