Arc(3.22)

4.9K 854 8
                                    

Unicode

Arc(3.22)

လီလျိုရဲ့နောက်မှာထိုင်နေတဲ့ချူးဝူရုံကဘာကိုမှမပြောပဲသူ့အနက်ရောင်မျက်ဝန်းများကသာတစ်သွင်သွင်တိုက်နေသည့်လေပြေကြောင့်အနီရောင်ဝတ်စုံတစ်လွင့်လွင့်ဖြစ်နေသည့်လေလယ်ကယွင်ထျန်ဟန်းကိုကြည့်နေသည်။

"ဘာဖြစ်တာလဲ?ချူးဝူရုံ,မင်းကငါ့ကိုမမှတ်မိတော့ဘူးလား?" ယွင်ထျန်ဟန်းရဲ့မက်မွန်ပွင့်မျက်လုံးများကအနည်းငယ်ကျဉ်းမြောင်းသွားကာသူ့ရဲ့ပါးလွှာသည့်အနီရောင်ဖျော့ဖျော့နှုတ်ခမ်းလွှာတွင်သိသာထင်ရှားတဲ့မထီမဲ့မြင်အပြုံးတစ်ခုဖြစ်ပေါ်လာသည်။

"ဒါမှမဟုတ်,တစ်ယောက်နဲ့တစ်ယောက်နှစ်တွေအများကြီးမတွေ့ရတော့ရုတ်တရက်မင်းရဲ့မိတ်ဆွေဟောင်းကြီးကိုအသိအမှတ်မပြုရဲတာလား?"

လီလျိုသည်တကယ့်ကိုသူ့ရှေ့ကဒီအနီဝတ်နဲ့လူအားဒူးထောက်ရပေမည်။သိသာထင်ရှားစွာပင်သူကချူးဝူရုံအားရှာပြီးသူ့ဝိဉာဉ်အားရှာဖွေချင်နေတာဖြစ်သည်။ထို့မှသာသူနောက်တစ်ဆင့်တက်နိုင်မယ့်အဲ့ဒီကျင့်ကြံရေးနည်းလမ်းကိုအသုံးပြုလို့ရမှာဖြစ်သည်။အဲ့ဒါသည်လည်းသူ့ကျင့်ကြံမှုအတွက်အရေးကြီးဆုံးခြေလှမ်းပင်။

သူ့ကိုယ်ပိုင်ကျင့်ကြံရေးလမ်းကြောင်းအတွက်သူကသူနဲ့ညီအစ်ကိုအရင်းလိုရင်းနှီးသည့်မိတ်ဆွေအပေါ်မှာတောင်လက်တင်နိုင်တဲ့သူဖြစ်ပြီးသူ့မိတ်ဆွေရဲ့ကံကောင်းစွာနဲ့လွတ်မြောက်လာနိုင်တဲ့ဝိဉာဉ်ကိုပင်လွှတ်မပေးပေ။

လီလျိုသည်မူလကဒီဇာတ်ကောင်ကိုရေးခဲ့တာကဇာတ်လမ်းရဲ့ဇာတ်ကွက်ကိုမြှင့်တင်နိုင်ရန်နှင့်ချူးဝူရုံရဲ့ဇာတ်ကောင်ကိုပိုပြီးကြွတက်လာစေရန်ဖြစ်သည်။သို့ပေမယ့်အခုတော့သူဒီစာအုပ်ထဲကိုအမှန်တကယ်ဝင်လာရပြီးဇာတ်လိုက်သည်လည်းသူနှစ်သက်တဲ့သူဖြစ်လာတဲ့အချိန်မှာတော့ဆန့်ကျင်ဘက်ကလူရဲ့အပြုအမူနဲ့လုပ်ရပ်တွေကိုရှင်းရှင်းလင်းလင်းသိလာပြီဖြစ်သည်။

အခုချိန်မှာတော့ယွင်ထျန်ဟန်းရဲ့စွမ်းဆောင်ရည်ကိုမြင်ရပြီးတဲ့အချိန်မှာသူတကယ့်ကမ္ဘာကိုသာပြန်သွားပြီးသူရေးသားခဲ့သည့်ဝတ္တုကိုပြန်ဖွင့်ကာယွင်ထျန်ဟန်းရဲ့ဇာတ်ကောင်ကိုအကြိမ်ထောင်ပေါင်းများစွာပေါက်ကရလုပ်ပစ်ချင်နေသည်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now