Arc(2.40)

5.7K 1K 6
                                    

Unicode

Arc(2.40) - Saint Magus

လဒ်ဝတ်သူ့ဆီကနေဖုန်းကွယ် ထားတာကဘာများလဲ?

သေချာပေါက်အဲလ်ဗစ်ကလီလျို ကိုဒီလိုအထိမခံတဲ့ခေါင်းစဉ်နဲ့ပတ် သတ်ပြီးတိုက်ရိုက်မေးမှာမဟုတ်ပေ။ လီလျိုကနောက်ဘာဆက်ဖြစ်မလဲ ဆိုတာနဲ့ပတ်သတ်ပြီးတကယ်ရင်းနှီး နေတယ်ဆိုတဲ့အကြောင်းကိုအတည် ပြုခဲ့တာကအခုဆိုတစ်နှစ်တောင် ကျော်လာခဲ့ပြီဖြစ်သည်လေ။

လီလျိုရဲ့ထိုပုံမှန်မဟုတ်တဲ့အကြာင်း ကိုတွေးမိတိုင်းအဲလ်ဗစ်အနေနဲ့ပြော မပြတတ်သည့်ထိတ်လန့်ုတုန်လှုပ်မှု ကိုခံစားရသည်။

ဒီလိုခံစားမှုမျိုးကဟိုးတုန်းကတည်း သူတွေ့ကြုံခဲ့ဘူးသလိုမျိုး..ပြိးတော့ ထိုခဏမှာမဖွင့်သင့်တဲ့သေတ္တာတစ်ခု ကိုဖွင့်လိုက်ရသလိုမျိုးထိုခံစားချက် များကိုသေတ္တာအောက်ခြေသို့ပြန် ထည့်လို့မရနိုင်အောင်ဖြစ်သွားရသည်။

အဲလ်ဗစ်ကထိုနေရာထိတွေးမိသွား သောအခါသူ့အဇူရာမျက်လုံးများက အနည်းငယ်နက်မှောင်သွားခဲ့သည်။

သူ့ကိုအကြောင်းစုံပြောလာအောင်လဒ်ဝတ်ကိုတွန်းအားပေးမှာမဟုတ်ဘူးသူလိုချင်တာကလဒ်ဝတ်ကိုတိုင်သူ့ကိုလိုလိုလားလားပြောလာမှာကိုပဲ...

လီလျိုနဲ့အဲလ်ဗစ်တို့မြူခိုးဖြူများ ကြားထဲဝင်သွားပြီးသောအခါသူတို့ ပတ်ဝန်းကျင်ကမြူများကထူသထက် ထူလာခဲ့ပြီးမြူများကြားထဲမှာလှုပ် ရှားမှုလမ်းကြောင်းများကိုပင်မမြင်ရ လုနီးပါးဖြစ်လာသည်။

အရည်ပျော်လုနီးပါးမြူခိုးများက ထူထပ်တဲ့ပိုးကြိုးမျှင်များလိုအဲလ်ဗစ် တစ်ကိုယ်လုံးကိုရစ်ပတ်ခြုံလွှမ်းသွား ပြီးချက်ချင်းလူတစ်ကိုယ်လုံးအား မြူခိုးများကြားထဲမြှုပ်နံှပစ်လိုက်သည်။

အဲလ်ဗစ်ကသူ့ပတ်ဝန်းကျင်အား စေ့စေ့စပ်စပ်ကြည့်နေသော်လည်း ဘာကိုမှရှင်းရှင်းလင်းလင်းမမြင်နိုင် ဖြစ်နေ၏။အဲလ်ဗစ်သည်ချက်ချင်း သူ့ဘေးမှာရှိနေခဲ့သည့်လီလျိုရဲ့ လက်အားကိုင်နိုင်ရန်သူ့လက်ကို ဘေးဆန့်ထုတ်လိုက်မိတော့သည်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now