Arc(2.15)

8.4K 1.4K 20
                                    

Unicode

Arc(2.15) - Saint Magus

တိတ်ဆိတ်ငြိမ်သက်သောမှော် သားရဲတောင်တန်းအတွင်းမှာ အမျိုးမျိုးသောမှော်အလင်းရောင် များထွန်းလင်းတောက်ပနေသည်။

တေလ်းနှင့်ဂါဒန်ကမူလကတော့ အဲလ်ဗစ်နှင့်သူ့မှော်သားရဲကိုကိုင်တွယ် နိုင်လိမ့်မယ်လို့တွေးထားခဲ့သော်လည်း အဖြစ်မှန်ကအမြဲတမ်းတစ်ဖက်သက် ဆန္ဒသာဖြစ်သွားရပြီးအစစ်အမှန်တိုက် ပွဲအတွင်းမှာသူတို့နှလုံးသားထဲက တကယ့်ကိုကြောက်လန့်မှုခံစားနေ ရပြီဖြစ်သည်။

အဲလ်ဗစ်ရဲ့အငယ်တန်းမေးဂတ်အဆင့် ကသန့်စင်သည့်အစိမ်းရောင်ဖြစ်နေခဲ့ပြီ ဖြစ်ပြီးဂါဒန်ရဲ့တိုက်ခိုက်မှုကိုချိုးဖြတ်နိုင် ရုံသာမကသူပြန်တိုက်တဲ့အချိန်တိုင်းဂါဒန် ကိုခက်ခဲတယ်လို့ခံစားရစေပြီးအပြင်း အထန်ကြိုးစားကာကွယ်အောင်ပါလုပ် နိင်သည်။သို့သော်လည်းခြားနားစွာပင် သူ့အမူအယာကအနည်းငယ်မျှပင်ပြောင်း လဲခြင်းမရှိပဲဂါဒန်ရဲ့တိုက်ခိုက်မှုကကျွမ်း ကျင်သူတစ်ဦးရှေ့မှာအနည်းငယ်ကျွမ်း ကျင်မှုကိုပြနေသလိုမျိုးပဲသူတို့ကကိုင် တွယ်ရန်အရမ်းလွယ်လွန်းနေသလိုပင်။

တစ်ခြားတစ်ဖက်မှာတော့တေလ်းရဲ့ တိုက်ခိုက်မှုကအခြေံအားဖြင့်ပြောရရင် လီလျိုရဲ့အမြန်နှုန်းကိုပင်မလိုက်နိုင်ပေ။ သူလီလျိုအားတိုက်ခိုက်ရန်ကြိုးစား လိုက်သည့်အချိန်တိုင်းလီလျိကကျွမ်း ကျင်စွာရှောင်ရှားလိမ့်မည်။ထိုသေး ငယ်ပြီးလုံးဝန်းသည့်ကြောင်လေးရဲ့ လှုပ်ရှားမှုကအရမ်းကိုမြန်ဆန်သော ကြောင့်elfလေးတစ်ကောင်ကတောထဲမှာ လျှောက်ခုန်ပေါက်နေသလိုဖြစ်နေ၏။

တေလ်းနဲ့ဂါဒန်တို့ကဆက်ပြီးတိုက်ခိုက် လေသူတို့စိတ်ထဲပိုပြီးကြောက်လန့်မိ လေဖြစ်လာပြီးသူတို့ကသူတို့ယှဉ်ပြိင် ဘက်ကိုလုံးဝအနိုင်မယူနိုင်ကြောင်း တစ်ဖြည်းဖြည်းနားလည်လာမိသည်။ အခုသူတို့ခန္တာကိုယ်တွေပေါ်မှာဒဏ်ရာ များကအနည်းနဲ့အများရှိနေကြပြီဖြစ် သော်လည်းခြားနားစွာပင်တစ်ဖက်က သူတို့ရဲ့ပြိုင်ဘက်ဆီမှာတော့အနည်း ငယ်မျှရှုပ်ထွေးမှုပင်ရှိမနေပေ။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now