Arc(1.36 -> 1~2~3)

11.8K 1.6K 40
                                    

Unicode

Arc(1.36 -> 1~2~3)

The Wild Dragon Proud Day

လီလျိုမှာသူနဲ့ချင်ယုတို့ဒီလိုအရောင် တူအဝတ်အစားများကိုဝတ်ဆင်ရမည့် နေ့ရက်တစ်ရက်ရောက်လာလိမ့်မည်ဟု လုံးဝမတွေးမိပေ။သူတို့နှစ်ယောက်လုံး ထူထဲသည့်အနီရင့်ရင့်အခမ်းအနား ဝတ်စုံအရောင်အားဆင်တူဝတ်ဆင် ထားကြပြီးချင်ယုနှင့်အတူထောင်ပေါင်း များစွာသောလူများကြည့်နေကြသည့် ဧကရီအခမ်းအနားမှာမီတာရာပေါင်း များစွာမြင့်မားသည့်စင်ပေါ်ထိခင်းထား သောအနီရောင်ကော်ဇောပေါ်မှာ လျှောက်နေရသည်လေ။

ချင်ယုလမ်းပြသည့်အတိုင်းသွားရင်း သူနင့်ချင်ယုတို့ရဲ့လက်များကအတူ တကွဆုပ်ကိုင်ထားကြကာနေရာ တစ်နေရာသို့ဖြတ်ကျော်သွားတိုင်း ထိုမနေရာမှလူများကချက်ချင်းပင် ဒူးထောက်၍သူနှင့်ချင်ယုကိုဦးညွှတ် ကြသည်။

နောက်ဆုံးတော့လီလျိုမှာချင်ယုရဲ့ ဦးဆောင်မှုအတိုင်းပင်အမြင်ဆုံးစင် မြင့်ပေါ်သို့ရောက်သွားပြီးချင်ယုရဲ့ ဘေးမှာထိုင်လိုက်ရလေသည်။

သူတို့ကမြင့်မားသည့်နေရာမှာထိုင် နေကြသော်လည်းအောက်မှာရှိသည့် လူတိုင်း၏အကြည့်ကအတော်လေး အေးစက်နေသည်ဟုခံစားရသည်။ သို့သော်လည်းသူ့ကိုရန်လိုမှုများပြည့် နှက်နေသည့်လူများမပါဝင်တာတောင် လူတော်တော်များများသူ့ကိုကြည့် သည့်အကြည့်က'မင်းကငါတို့ရဲ့ဧကရာဇ် ကိုပြုစားထားတဲ့အရှက်မရှိတဲ့မြေခွေးမ ပဲသေချာပေါက်ဒါကတရားစီရင်ရေးရဲ့ ဥပဒေနဲ့စည်းမျဉ်းတွေကိုရည်ရွယ်နေတာ ပဲဖြစ်ရမယ်မင်းကတကယ်ပဲအရှက်မရှိ တဲ့သူ!'ဆိုတဲ့အကြည့်များဖြစ်လေသည်။

လီလျိုမှာငိုချလိုက်ခြင်သော်လည်း သူ့မှာမျက်ရည်မရှိဘူးဖြစ်နေရ၏။

သူချင်ယုကိုလက်မထပ်ခြင်ဘူးလေ တကယ်လို့မင်းတို့တွေသာနည်းနည်း လောက်အသုံးဝင်ပြီးချင်ယုကိုဖြောင့် ဖြနိုင်မယ်ဆိုရင်ဒီလိုအဖြစ်မျိုးဘယ်လို လုပ်ဖြစ်လာမှာလဲလို့?

သူဒီကိုမရောက်လာခင်တုန်းက သွေးချင်းညီမလေးရဲ့နှုတ်ခမ်းကို တောင်နမ်းဘူးတာမဟုတ်ဘူးသူ့ရဲ့ ပထမဆုံးအနမ်းကယောကျာ်းလေး တစ်ယောက်ဖြစ်နေပြီးအခုတော့သူ့ ကိုပါလက်ထပ်နေရပြီ

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now