Arc(3.11)

5.7K 925 8
                                    

Unicode

Arc(3.11)

ထိုညမှစ၍ချူးဝူရုံသည်ဆွေးနွေးရန်အတွက်သူ့ဆီမကြာခဏလာကြောင်းလီလျိုသတိပြုမိလာသည်။ထပ်ပေါင်းပြောရရင်အဲ့ဒါကညအချိန်မှာသာဖြစ်သည်။

သေချာပေါက်ဇာတ်လိုက်တစ်ယောက်အနေနဲ့အသိပညာဗဟုသုတတွေကိုသိချင်စိတ်တောင့်တစိတ်ပြင်းထန်မှာပဲဆိုတော့လီလျိုအနေနဲ့လည်းမကျေနပ်စရာမရှိပါဘူး...ပြီးတော့လည်းဒီလိုပုံစံနဲ့ဆိုရင်သူလည်းချူးဝူရုံနဲ့အတူတူရှိနေနိုင်မယ့်အချိန်တွေပိုပြီးရနိုင်မယ်လေ...သူ့မျက်နှာပေါ်မှာဘာအမူအယာမှမရှိဘူးဆိုပေမယ့်လည်းသူ့စိတ်နှလုံးကတော့နားမလည်နိုင်လောက်အောင်ပျော်ရွှင်မှုခံစားနေရသည်။

ဒီအတိုင်းလေးပဲနှစ်ပေါင်းများစွာကမသိလိုက်စွာဖြတ်ကျော်သွား၏။

ဒီညနေမှာလည်းလီလျိုကချူးဝူရုံနားမလည်သည့်အကြောင်းအရင်းများကိုပုံမှန်အတိုင်းပဲရှင်းပြနေသည်။ချူးဝူရုံထွက်သွားပြီးတံခါးပိတ်ပေးသွားပြီးနောက်လီလျိုကလှဲချပြီးအိပ်ရန်ပြင်လိုက်သည့်အချိန်မှာပဲသူထိုင်နေတဲ့အိပ်ယာပေါ်မှာစွန်းကွက်နေသည့်အရာတစ်ခုအားမရည်ရွယ်ပဲတွေ့သွားမိသည်။ထိုစိုနေသည့်အကွက်လေးကအတော်လေးအရောင်ဖျော့ပြီးသေချာဂရုတစိုက်မကြည့်ရင်မတွေ့နိုင်ပေ။

လီလျိုကမနေနိုင်စွာသူ့နှာခေါင်းကိုကုတ်၍ထိုသေးငယ်သည့်အစိုကွက်လေးကိုကြည့်နေမိသည်။သူခုနတုန်းကရေနွေးကြမ်းသောက်ဖို့ကိုအိပ်ယာပေါ်ကထပြီးစားပွဲဆီသွားရမှာအရမ်းကိုပျင်းလို့ရေနွေးကြမ်းကိုသူ့ဘေးရောက်အောင်အတွင်းအားသုံးပြီးယူလိုက်မိတဲ့အချိန်တုန်းကများလား?

ဒီအစိုကွက်ဘေးမှာထိုင်ရင်းသူချူးဝူရုံကိုကျင့်ကြံခြင်းနည်းလမ်းတွေအကြောင်းအချိန်အကြာကြီးရှင်းပြပေးခဲ့တာကိုပြန်စဉ်းစားမိတော့သူ့ရှေ့မှာရပ်နေတဲ့ချူးဝူရုံရောဒီအစိုကွက်ကိုမမြင်ဘူးလား။သူဒီလိုအခြေအနေမျိုးတစ်ခါမှမကြုံဘူးဘူး။

သူစဉ်းစားနေရင်းနဲ့လီလျိုရဲ့မျက်နှာကချက်ချင်းပင်အနည်းငယ်နီမြန်းလာပြီးသူ့ရဲ့နူးညံ့ချောမွေ့သောအသားအရည်ပေါ်မှာပန်းရောင်ဖျော့ဖျော့တစ်လွှာထပ်တင်လာသည်။ထိုရှက်စရာကောင်းတဲ့အစိုကွက်ကိုချူးဝူရုံမြင်သွားနိုင်တယ်ဆိုတဲ့အကြောင်းကိုပါထပ်ပေါင်းစဉ်းစားမိတဲ့အချိန်မှာတော့ရှက်ရွံ့မှုတစ်ချို့ကလီလျိုရဲ့မျက်လုံးထဲတွင်ဖြတ်ပြေးသွားမိသည့်အခါသူ့ရဲ့မူလအေးစက်တဲ့မျက်နှာထားနဲ့ပေါင်းလိုက်တဲ့အခါမှာတော့ထိုထူးဆန်းတဲ့ပေါင်းစပ်မှုကလူတစ်ကိုယ်လုံးကိုအတန်ငယ်ရှုပ်ထွေးသွားစေ၏။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now