Return to the University (5)

4.3K 833 7
                                    

Unicode

Return to the University (5)

N တက္ကသိုလ်ရှိယောကျာ်းလေးတစ်ချို့ရဲ့အဆောင်ခန်းတွင်လှေကားမှတက်လာသည့်ခြေသံများကြားလာရသည်။အကယ်၍ဂရုတစိုက်နားထောင်ကြည့်မယ်ဆိုရင်အဲ့ဒီခြေသံများကလူနှစ်ယောက်ဆိုတာကိုသိနိုင်မှာဖြစ်၏။အသံတစ်ခုကအတော်လေးတည်ငြိမ်ပြီးနောက်အသံတစ်ခုကတော့အနည်းငယ်တရွတ်တိုက်နေသည်။

တရွတ်တိုက်နေတဲ့ခြေသံပိုင်ရှင်ကအနည်းငယ်ကလေးဆန်သည့်မျက်နှာလေးနှင်နူးညံ့ပြီးချောမောသည့်လူငယ်လေးတစ်ယောက်ဖြစ်ကာသိသိသာသာကိုမူးပြီးအသိစိတ်ပျောက်နေသည်။သူ့မျက်လုံးတွေကတင်းတင်းကြပ်ကြပ်ပိတ်ထားကာသူ့ရဲ့မျက်တောင်ရှည်ကော့ကော့ကြီးများကမူးနေသည့်မျက်နှာလေးပေါ်မှာအရိပ်လေးနှစ်ခုထင်နေ၏။

သူ့ရဲ့နူးညံ့ချောမွေ့သည့်ပါးပြင်သည်လည်းအစောကြီးကတည်းကနီရဲနေခဲ့ပြီဖြစ်ပြီးသူ့လည်ပင်းထိပျံ့နှံ့နေကာသူ့Tshirtလည်ဝိုင်းအောက်မှာဖုန်းကွယ်နေသည်။

သူ့ခေါင်းကသူ့ဘေးမှပိန်သွယ်တဲ့လူရဲ့ပုခုံးပေါ်မှာမှီထားပြီးသူ့ရဲ့နူးညံ့သောဆံနွယ်များကတော့လှုပ်ရှားမှုအတိုင်းလိုက်၍တစ်ဖက်လူရဲ့ပုခုံးကိုပွတ်သပ်နေသည်။သူ့လက်မောင်းကတော့သူ့ခန္တာကိုယ်ရဲ့ဘေးမှာတွဲလောင်းကျနေပြီးသူ့ရဲ့ခါးသွယ်သွယ်ကိုတော့တောင့်တင်းသန်မာတဲ့လက်တစ်ဖက်ကခိုင်မာစွာကိုင်ထားပေးသည်။သူ့တစ်ကိုယ်လုံးကဘေးမှပုံရိပ်၏တင်းကြပ်စွာဖက်ပွေ့ထားခြင်းကိုခံထားရခြင်းပင်။

လှေကားထောင့်မှအသံအာရုံခံအလင်းသည်လည်းအောက်မှတက်လာသည့်အသံကိုအာရုံခံမိတာကြောင့်ချက်ချင်းလင်းသွားကာလီလျိုရဲ့ဘေးမှပိန်သွယ်သောပုံသဏ္ဍာန်ရဲ့အလွန်အမင်းချောမောသောမျက်နှာကိုလင်းထင်းသွားစေသည်။ထိုဓားသဏ္ဍာန်မျက်ခုံးနှင့်ပြီးပြည့်စုံလွန်းတဲ့မျက်နှာကျပုံကမရေမတွက်နိုင်တဲ့မိန်းကလေးများကိုသူ့အတွက်ရူးသွပ်သွားစေဖို့လုံလောက်သည်။

သို့ပေမယ့်အဲ့ဒီအချိန်မှာထိုအမျိုးသားထုကြီးရဲ့ရန်သူဖြစ်သည့်သူရဲ့အကြည့်ကသူနဲ့လိင်ချင်းတူသည့်သူ့ဘေးကလူငယ်လေးပေါ်မှာသာတစ်ချိန်လုံးရှိနေသည်။သူ့မျက်လုံးထဲကအကြည့်ကမတည်ငြိမ်တာကြောင့်လူများအားရှင်းရှင်းလင်းလင်းမမြင်ရအောင်ပြုလုပ်နေ၏။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now