Arc(2.9)

9.2K 1.6K 42
                                    

Unicode

Arc(2.9) - Saint Magus

နောက်ထပ်ဆယ်မိနစ်ခန့်အကြာတွင် စစ်ဆေးမှုတစ်ခုလုံးအဆုံးသတ်သွား သည်။အများပြည်သူရင်ပြင်၏ ထက်ဝက်ကျော်ကိုဖုံးလွှမ်းခဲ့သော လူစုလူဝေးထဲမှလူတစ်ထောင်ကျော် သာကျန်တော့လေသည်။

လူနာကသူမနဲ့သိပ်မဝေးသည့်နေရာမှ အဲလ်ဗစ်ရဲ့ပုခုံးပေါ်တွင်အမြီးလေးကို ယမ်းခါပြီးရပ်နေသည့်ကြောင်ဖြူလေး အားလှမ်းကြည့်လိုက်မိသည်။သူ့ရဲ့ချစ် စရာကောင်းမှုကသူမရဲ့နှလုံးသားတစ် ခုလုံးကိုပင်ယားယံလာသလိုခံစားရ စေသောကြောင့်မနေနိုင်တော့ပဲအဲလ်ဗစ် အနားကိုချဉ်းကပ်မိကာသူမရဲ့နူးညံ့သိမ် မွေ့သည့်မျက်နှာသည်လည်းအနည်း ငယ်နီနေခဲ့ပြီးတိုးတိုးလေးပြောလိုက်သည်။

"သူငယ်ချင်း...ငါနင့်ရဲ့ကြောင်ပေါက် လေးကိုထိကြည့်လို့ရမလား?"

အဲလ်ဗစ်ကစကားတစ်ခွန်းမပြောပဲ လူနာအားသူ့ရဲ့အပြာရောင်မျက်ဝန်း များဖြင့်သာခံစားချက်မရှိသည့်အကြည့် ဖြင့်ကြည့်၍သူ့ပုခုံးပေါ်မှအဖြူရောင် ကြောင်ပေါက်လေးအားယူလိုက်ပြီးသူ့ ခါးထဲမှအိတ်ထဲသို့ထည့်ထားလိုက် လေသည်။

လူနာ, "......"

ခဏနေစမ်းပါဦး!ဘယ်လိုဖြစ်လို့ ဒီလောက်ကပ်စီးနည်းနေရတာလဲ? ငါတို့ကနှစ်ပေါင်းများစွာအတူတူ ပညာသင်ကြားရမယ့်တပည့်တွေ ုဖြစ်လာမယ့်အပြင်သေချာပေါက် အဆက်အသွယ်တွေလည်းလုပ်ကြ မှာပဲကို!ပြီးတော့လည်းငါကထိယုံပဲ ထိခြင်တာလေယူမှမှမဟုတ်တာ ဘာလို့ဒီလောက်တင်းမာပြနေရတာလဲ?

သို့သော်လည်းဆောင်းတွင်းတစ်ခုလုံး မျက်လုံးထဲရောက်နေပုံရသည့်ထိုလူ၏ မျက်လုံးအကြည့်များအောက်တွင်လူနာ ဘာမှထပ်မပြောရဲတော့ပေ။သူမက ဒီအတိုင်းသူမရဲ့နှာခေါင်းကိုသာထိလိုက် ပြီးအဲလ်ဗစ်ရဲ့နားမှခပ်လှမ်းလှမ်းသို့ခြေ လှမ်းအနည်းငယ်ရွှေ့လိုက်သော်လည်း ထိုချစ်စရာကောင်းသည့်အရာလေး အားနောက်တစ်ခါလောက်တွေ့နိုင် မလားဆိုသည့်မျှော်လင့်ချက်ဖြင့် အဲလ်ဗစ်ရဲ့ခါးမှအိတ်ကိုတော့ကြည့် လိုက်မိသေးသည်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now