Arc(3.29)

4.1K 790 7
                                    

Unicode

Arc(3.29)

သတိမထားလိုက်မိစွာဖြင့်လီလျိုသည်ချူးဝူရုံရဲ့ကိုယ်ပိုင်အစေခံဖြစ်လာသည်မှာနှစ်လကြာခဲ့ပြီဖြစ်၏။

ဒီနှစ်လအတွင်းလီလျိုနဲ့ချူးဝူရုံတို့တစ်ယောက်နဲ့တစ်ယောက်တွေ့ဆုံမိသည့်အချိန်သည်လက်ဆယ်ချောင်းနဲ့ရေတွက်လို့ရနိုင်သည်။လီလျိုသည်လည်းအခြေခံအားဖြင့်တစ်နေ့ကိုတစ်ခါသာသွားရောက်သန့်ရှင်းရေးလုပ်ရန်လိုအပ်သည်။သေချာပေါက်သူသည်ချူးဝူရုံအထူးတလှယ်ပြောထားတဲ့အခန်းထဲကိုတော့မဝင်ပေ။

လီလျိုဆီမှာချူးဝူရုံနဲ့နီးစပ်နိုင်မယ့်ဘယ်နည်းလမ်းမှမရှိသော်လည်းအနည်းဆုံးတော့သူချူးဝူရုံရဲ့ဘေးမှာပြန်နေလို့ရသွားပြီဖြစ်တာကြောင့်နောက်ကိစ္စတစ်ခုကိုတော့ဖြေးညှင်းစွာပဲအဖြေရှာတော့မည်။

ဒါပေမဲ့အခုအရေးကြီးဆုံးကနောက်နှစ်မှာပွင့်မယ့်ကြာပန်းအမတလှိုင်ဂူပဲ...ချူးဝူရုံကဝင်ခွင့်လက်မှတ်ရပြီးသွားပြီလားဆိုတာကိုတော့သူမသိဘူး။

သို့သော်လည်းလက်ရှိသူကချူးဝူရုံရဲ့လှုပ်ရှားမှုတွေကိုသိစရာဘာအကြောင်းအရင်းမှမရှိဘူးလေ....ဒါပေမဲ့လည်းချူးဝူရုံရဲ့ဇာတ်လိုက်အရှိန်အဝါနဲ့ဆိုရင်တော့ဒီအခွင့်အရေးကဘယ်ကိုမှပြေးမှာမဟုတ်လောက်ပါဘူး...

****

ထို့နေ့မှာလီလျိုကခြံဝင်အားပုံမှန်အတိုင်းပဲလှည်းကျင်းနေသည်။ထို့နောက်ကောင်းကင်ပေါ်မှာဆည်းဆာရောင်တောက်တဲ့အချိန်သူ့အခန်းဆီသို့ပြန်လာခဲ့လိုက်သည်။

ဒီနေ့သူ့အတွက်ညစာစားရန်ထမင်းစားခန်းမသို့သွားဖို့ရည်ရွယ်ချက်မရှိပေ။ပြီးတော့လည်းသူသွားတဲ့အချိန်တိုင်းအစေခံအုပ်စုရဲ့မနာလိုနေတဲ့အကြည့်ကိုပဲလက်ခံရတယ်

ထို့ကြောင့်ဒီနေ့တော့သူ့အခန်းထဲကသီးသန့်မီးဖိုခန်းလေးမှာပဲကိုယ့်အတွက်ကိုယ်ချက်စားဖို့ဆုံးဖြတ်လိုက်သည်။ပါဝင်ပစ္စည်းများကိုတော့သူတစ်နေ့ကကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်သည်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now